Ho Ja Mukt HD

Ho Ja Mukt

Drama HD 2023-01-21 8.3 0 Min

ဆူရက်ရှ်နဲ့အာနီတာတို့ ဇနီးမောင်နှံမှာ ဗစ်ကီနဲ့ ဆာဂါလို့ခေါ်တဲ့ သားနှစ်ယောက်ရှိပါတယ်။ သားနှစ်ယောက်လုံးဟာ တက္ကသိုလ်ကျောင်းသားတွေဖြစ်ပြီး သားအကြီးဖြစ်တဲ့ဗစ်ကီဟာ စိတ်ကျန်းမာရေးပြဿနာနဲ့ ရင်ဆိုင်နေရသူပါ။ဗစ်ကီဟာ အိမ်မှာနေရင်းနဲ့ပဲ ကိုယ့်ကိုယ်ကို ထိခိုက်နာကျင်စေမယ့်အပြုအမူတွေကို ပြုမူလာတယ်။ဒီလိုနဲ့ ဒေါက်တာကမ်လက်ရှ်ရဲ့ညွှန်ကြားချက်ကြောင့် စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဆီကို ဗစ်ကီနဲ့အတူ ဆူရက်ရှ်နဲ့အာနီတာတို့သွားရောက်တွေ့ဆုံခဲ့တယ်။အဲဒီလိုတွေ့ဆုံပြီး ဗစ်ကီနဲ့ဆရာဝန်တို့ စကားတွေပြောပြီးနောက်မှာတော့…..ဗစ်ကီရဲ့စိတ်ကျန်းမာရေးအ‌ခြေအနေအတွက် ဘယ်လိုတွေလုပ်ဆောင်ဖို့ ညွှန်ကြားမလဲ၊ ဗစ်ကီရဲ့မိဘတွေက ဘယ်လိုပူးပေါင်းပါဝင်ပေးမလဲ၊ဗစ်ကီဟာ သူ့အတွက် လွတ်လပ်မှုကိုခံစားရစေတဲ့အရာတွေကို လုပ်နိုင်သွားမလား၊ မိဘတွေကရော ဗစ်ကီအပေါ်နားလည်မှုရှိပေးနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။