Wolf Snake Operation FHD

Wolf Snake Operation

Action FHD

အိမ်ထောင်သည်နှစ်ယောက်ဟာ တစ်ယောက်နဲ့တစ်ယောက် အလိမ်အညာမရှိဘဲ ရိုးသားစွာနေထိုင်နေကြတယ်လို့ ထင်ရပေမယ့် အမှန်တကယ်မှာတော့ နှစ်ယောက်စလုံးက ကိုယ်ပိုင်လျှို့ဝှက်တာဝန်တွေနဲ့ လှုပ်ရှားနေကြသူတွေ ဖြစ်နေခဲ့ရင် ဘယ်လိုဖြစ်မလဲ။ အချစ်၊ သံသယနဲ့ အန္တရာယ်တွေကြားမှာ အိမ်ထောင်ရေးတစ်ခုရဲ့ ယုံကြည်မှုကို စမ်းသပ်ထားတဲ့ Action Crime Drama ဇာတ်ကားလေးကတော့ Wolf Snake Operation ပဲ ဖြစ်ပါတယ်။ AI နည်းပညာ (AIGC) ကို အပြည့်အဝအသုံးပြု ဖန်တီးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်ပြီး Action၊ Drama နဲ့ Crime အမျိုးအစားတွေကို ပေါင်းစပ်ထားတဲ့ Web Feature Film တစ်ကား ဖြစ်ပါတယ်။ Li Mi နဲ့ Cheng Liang တို့ဟာ အိမ်ထောင်သည်စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ အပြင်ပန်းမှာတော့ သူတို့ဟာ သာမန်အိမ်ထောင်ရေးဘဝကို ဖြတ်သန်းနေကြသူတွေလို မြင်ရပေမယ့် တကယ်တမ်းမှာတော့ နှစ်ယောက်စလုံးဟာ ကိုယ်ပိုင်လျှို့ဝှက်မစ်ရှင်တွေနဲ့ လှုပ်ရှားနေကြသူတွေ ဖြစ်ပါတယ်။သူတို့နှစ်ယောက်ဟာ ကိုယ်စီတာဝန်တွေကို မစွန့်လွှတ်ချင်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် ရည်ရွယ်ချက်ကောင်းနဲ့ လိမ်လည်ဖုံးကွယ်ထားရတဲ့ အခြေအနေထဲ ရောက်ရှိနေကြပါတယ်။ ဒါပေမယ့် အိမ်ထောင်ရေးထဲမှာ လျှို့ဝှက်ချက်တွေ များလာတဲ့အခါ သံသယနဲ့ စောင့်ကြည့်မှုတွေကလည်း တဖြည်းဖြည်း ပေါ်ပေါက်လာပါတော့တယ်။ အဲဒီအချိန်မှာ Cheng Liang ဟာ ရာဇဝတ်အဖွဲ့အစည်းတစ်ခုထံကနေ ကုဒ်ဝှက်ထားတဲ့ Chip တစ်ခုကို ရယူဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီ Chip ဟာ ရာဇဝတ်အဖွဲ့အစည်းအတွက် အရေးကြီးတဲ့အရာတစ်ခု ဖြစ်တာကြောင့် Cheng Liang ဟာ ရာဇဝတ်ဂိုဏ်းရဲ့ လိုက်လံဖမ်းဆီးမှုနဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတစ်ခုရဲ့ စောင့်ကြည့်မှုကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နေရပါတယ်။ အန္တရာယ်တွေ ဝိုင်းရံလာတဲ့အချိန်မှာ Cheng Liang ဟာ သူ့ဘေးမှာ လျှို့ဝှက်တာဝန်နဲ့ ရှိနေတဲ့ Li Mi နဲ့ ပူးပေါင်းရပါတော့တယ်။ အိမ်ထောင်ဖက်နှစ်ယောက်ဟာ တစ်ယောက်ရဲ့ အမှန်တကယ်ရည်ရွယ်ချက်ကို တစ်ယောက်မသိသေးဘဲ မစ်ရှင်တစ်ခုကို အတူတကွ ဆောင်ရွက်ရတဲ့အခါ သူတို့ကြားက ယုံကြည်မှုနဲ့ သံသယတွေဟာ ပိုမိုရှုပ်ထွေးလာပါတယ်။ တစ်ဖက်မှာတော့ ရာဇဝတ်အဖွဲ့အစည်းရဲ့ လိုက်လံဖမ်းဆီးမှုကို ရှောင်ရှားရင်း လျှို့ဝှက် Chip ကို ကာကွယ်ရမှာ ဖြစ်ပြီး တစ်ဖက်မှာတော့ ကိုယ်ပိုင်လျှို့ဝှက်ချက်တွေ မပေါ်ပေါက်အောင် ထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းလုပ်ဆောင်မှုဟာ ရန်သူကို ရင်ဆိုင်ရတဲ့ စစ်ဆင်ရေးတစ်ခုသာမက ကိုယ့်အိမ်ထောင်ရေးအတွင်းက မယုံကြည်မှုတွေကိုပါ ရင်ဆိုင်ရတဲ့ ခရီးတစ်ခု ဖြစ်လာပါတယ်။အန္တရာယ်က ပိုမိုနီးကပ်လာပြီး ရွေးချယ်စရာတွေ နည်းပါးလာတဲ့အခါ Li Mi နဲ့ Cheng Liang တို့ဟာ ကိုယ်စီဖုံးကွယ်ထားတဲ့ အမှန်တရားတွေကို ဝန်ခံရမယ့် အခြေအနေဆီ ရောက်လာကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်နဲ့ အိမ်ထောင်ရေးဟာ လျှို့ဝှက်မစ်ရှင်တွေကြားမှာ ဆက်လက်တည်ရှိနိုင်မလားဆိုတာကတော့ဇာတ်လမ်းလေးထဲမှာ ဆက်လက်စီးမျောခံစားရမှာပဲဖြစ်ပါတယ်