You Can See Everything FHD

You Can See Everything

ဆီလီကွန်ဗယ်လီရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Theranos ကုမ္ပဏီတည်ထောင်သူ အယ်လီဇဘက် ဟုမ်းစ် (Elizabeth Holmes) တစ်ယောက် ရင်းနှီးမြှုပ်နှံသူတွေကို လိမ်လည်မှုနဲ့ ထောင်ဒဏ် ၁၁ နှစ် ကျခံရဖို့ ၃၄ ရက်အလိုကနေ ဇာတ်လမ်းစထားပါတယ်။ သူမနဲ့ သူမရဲ့ လက်တွဲဖော် ဘီလီ အီဗန်စ် (Billy Evans) တို့က သူတို့မှာ ဖုံးကွယ်စရာ ဘာမှမရှိဘူးဆိုပြီး ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့ကို ဆန်ဒီယေဂိုက သူတို့အိမ်ထဲထိ ခေါ်သွင်းပြီး အကုန်ရိုက်ခွင့်ပေးလိုက်ရာကနေ ၃ နှစ်ကြာ ခရီးစဉ်ကြီး စတင်သွားတာပါ။ ပုံမှန် Documentary တွေဆိုရင် ဟုမ်းစ် ထောင်ထဲဝင်သွားတာနဲ့ ဇာတ်လမ်းပြီးသွားမှာပေမဲ့ ဒီကားမှာတော့ ဇာတ်လမ်းတစ်ဝက်လောက်မှာ သူမ ထောင်ထဲရောက်သွားပြီးနောက်ပိုင်း ဘီလီ အီဗန်စ်က အဓိက ဇာတ်ကောင်နေရာကို ရောက်လာပါတယ်။ ထောင်ထဲကို ကင်မရာယူခွင့်မရှိတဲ့အတွက် ဟုမ်းစ်နဲ့ တွေ့ဆုံခဲ့တဲ့ အခန်းတွေကို ပြန်လည်သရုပ်ဖော် (Reenactment) ရိုက်ကူးဖို့ Nathan Fielder က The Dropout စီးရီးထဲမှာ ဟုမ်းစ်အဖြစ် Emmy ဆုရခဲ့တဲ့ မင်းသမီး Amanda Seyfried ကိုပါ ခေါ်သွင်းလိုက်ပါတယ်။ အဲဒီကနေ တကယ့်အဖြစ်အပျက်နဲ့ သရုပ်ဆောင်မှုတွေ ရောထွေးသွားပြီး ဘယ်သူက ဘယ်သူ့ကို လှည့်စားနေမှန်းမသိတဲ့ စိတ်ဝင်စားစရာ အခြေအနေတွေ ဖြစ်လာတာကို ကြည့်ရမှာပါ။ Nathan for You နဲ့ နာမည်ကြီးတဲ့ Nathan Fielder (သူ့ရဲ့ ပထမဆုံး ရုပ်ရှင်ဒါရိုက်တာ လက်ရာပါ) နဲ့ Primetime (2026) ကို ရိုက်ခဲ့တဲ့ Lance Oppenheim တို့နှစ်ယောက် ၂၀၂၃ ခုနှစ်တုန်းက LA က Magic Castle မှာ မျက်လှည့်ပွဲသွားကြည့်ရင်း မျက်လှည့်ဆရာက နာမည်ကြီးတစ်ယောက်နာမည် ပြောခိုင်းတဲ့အခါ ပရိသတ်တစ်ယောက်က "Elizabeth Holmes" လို့ အော်လိုက်ရာကနေ ဒီကားရိုက်ဖို့ အကြံရသွားကြတာပါ။ ရိုက်ကူးရေးစရိတ် ဒေါ်လာ ၇ သန်းပဲ ကုန်ကျခဲ့ပေမဲ့ တစ်ကမ္ဘာလုံးမှာ ဒေါ်လာ ၁၀၄ သန်းအထိ ဝင်ငွေရရှိထားပါတယ်။ ၂၀၀၄ ခုနှစ်က Fahrenheit 9/11 နောက်ပိုင်း အမေရိကန် Box Office မှာ နံပါတ် ၁ နေရာကို ရောက်နိုင်တဲ့ ပထမဆုံး ဂီတမဟုတ်တဲ့ မှတ်တမ်းရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။ ၂၀၂၆ နိုဝင်ဘာ ၄ ရက်နေ့မှာ NASA ကတောင် နိုင်ငံတကာ အာကာသစခန်း (ISS) ပေါ်က အာကာသယာဉ်မှူးတွေ ကြည့်ဖို့ ဒီဇာတ်ကားကို တောင်းဆိုခဲ့တယ်လို့ A24 က ထုတ်ပြန်ခဲ့ပါတယ်။ ၁၁ ကြိမ်မြောက် Critics' Choice Documentary Awards မှာ ဆန်ခါတင်ဝင်တဲ့ ဆု ၅ ဆုလုံး (အကောင်းဆုံး မှတ်တမ်းရုပ်ရှင်၊ ဒါရိုက်တာ၊ ရိုက်ကူးရေး၊ တည်းဖြတ်နဲ့ နောက်ခံတေးဂီတ) ကို တစ်ခုမကျန် သိမ်းပိုက်ထားနိုင်ပါတယ်။ ပါဝင်သူတွေElizabeth Holmes, Billy Evans, Nathan Fielder နဲ့ Lance ppenheim တို့က သူတို့ကိုယ်တိုင်အဖြစ် ပါဝင်ထားကြပါတယ်။ ပြန်လည်သရုပ်ဖော်ခန်း (Reenactments) တွေမှာတော့ Amanda Seyfried (Elizabeth Holmes အဖြစ်) နဲ့ Christopher Abbott (Billy Evans အဖြစ်) တို့က ပါဝင်အားဖြည့်ထားကြပါတယ်။ သာမန် Documentary တွေလို ပျင်းစရာမကောင်းဘဲ Thriller နဲ့ Dark Comedy အရသာတွေပါ ရောနှောနေတဲ့အပြင် တကယ့်လူလိမ်မကြီးရဲ့ စိတ်နေစိတ်ထားကို အနီးကပ် မြင်ရမှာမို့ ၂၀၂၆ ခုနှစ်ရဲ့ မဖြစ်မနေ ကြည့်သင့်တဲ့ ကားကောင်းတစ်ကားအဖြစ် ညွှန်းပေးလိုက်ပါတယ်ဗျာ။