မိန်းကလေးတွေအများစုတက်ကြတဲ့ ကောလိပ်တစ်ခုမှာ တစ်ဦးတည်းသော ယောက်ျားလေးကျောင်းသားအဖြစ် တက်ရောက်လာတဲ့ မာနိုဟာ အစပိုင်းမှာ မိန်းကလေးတွေရဲ့ စနောက်တာ အနိုင်ကျင့်တာတွေကို ရင်ဆိုင်ရပေမဲ့ အဲဒီကောလိပ်မှာပဲ ကိုဒီဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ဆုံပြီး ချစ်မိသွားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အချစ်ဟာ တဖြည်းဖြည်းခိုင်မာလာပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ခဲ့ကြပေမဲ့ မာနိုရဲ့ မနာလိုစိတ် ပိုင်ဆိုင်လိုစိတ်နဲ့ အချစ်ရေးအပေါ် မရင့်ကျက်မှုတွေကြောင့် နောက်ဆုံးမှာတော့ လမ်းခွဲခဲ့ရပါတယ်။ အချစ်ဟောင်းနဲ့ လမ်းခွဲပြီးနောက် နှစ်တွေကြာလာတဲ့အခါ မာနိုဟာ သူ့ဘဝကို ပြန်လည်တည်ဆောက်ရင်း ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်နေခဲ့တာပေါ့။ အဲဒီအချိန်မှာပဲ နီဗီဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ သူ့ကုမ္ပဏီကို အလုပ်သင်အဖြစ် ဝင်ရောက်လာခဲ့ပြီး မာနိုနဲ့ နီဗီတို့နှစ်ယောက်ဟာ တဖြည်းဖြည်းရင်းနှီးလာကြပါတော့တယ်။ သူတို့နှစ်ယောက်စလုံးဟာ အရင်အချစ်ရေးမှာ နာကျင်ခဲ့ဖူးသူတွေဖြစ်တာကြောင့် တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်နားလည်ပေးရင်း အချစ်သစ်တစ်ခုကို စတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ နီဗီဟာ မာနိုရဲ့ အရင်အချစ်ဇာတ်လမ်းနဲ့ သူ့ရဲ့အတိတ်က အမှားတွေကို သိလာတဲ့အခါ သူတို့နှစ်ယောက်ကြားမှာ သံသယတွေ၊ စိတ်မလုံခြုံမှုတွေ စတင်ပေါ်ပေါက်လာခဲ့တဲ့အခါ... အတိတ်က အချစ်ဒဏ်ရာတွေကို ကျော်လွှားပြီး အချစ်သစ်ကို အမှန်တကယ် လက်ခံနိုင်ကြမလားဆိုတာကို ရင်ခုန်စရာ စိတ်ခံစားမှုအပြည့်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။