အရင်ထဲကလူဆိုးလူမိုက်တွေနဲ့ ပြည့်နေတဲ့ ကာလစ်ပတ်ကာရာဆိုတဲ့ရွာလေးဟာခရစ်ယာဉ်တွေနဲ့ပြည့်နေပါတယ်။ရွာရဲ့ဘုရားကျောင်းကို စောင့်ရှောက်ဖို့ အထက်သင်းအုပ်တွေကဖာသာတွေတစ်ယောက်ပြီး တစ်ယောက်လွှတ်ပေမယ့် အဆင်မပြေခဲ့ပါဘူး။ငါတို့ကိုသူများလာအုပ်ချုပ်တာ မကြိုက်ဘူးဆိုပြီး ဓားနဲ့အထိုးခံရတဲ့လူတွေချည်းပါ။ရဲတွေတောင်မှမနိုင်တဲ့ရွာတစ်ရွာဖြစ်ပါတယ်။အဲ့ဒီအချိန်မှာ သင်းအုပ်က သူတို့ကိစ္စတွေကို ဝင်မစွက်ဖက်မယ့် အူတူတူအတတဖာသာတစ်ယောက်ကို လွှတ်လိုက်တာပဲကောင်းမယ်ဆိုပြီး ဖာသာအေဘီချူကိုလွှတ်လိုက်ပါတယ် အဲ့ဒီအချိန်မှာဘယ်လိုတွေဆက်ဖြစ်သွားမလဲ။ရွာသားတွေနဲ့အဆင်ပြေပါ့မလား။ရွာကိုပြောင်းလဲပေးနိုင်ပါ့မလားဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ်။ ဇာတ်အိမ်လည်းခိုင်သလို သရုပ်ဆောင်မှုမှာလည်းဟာကွက်မရှိတဲ့အတွက် ပရိတ်သတ်အကြိုက်တွေ့မယ့် ဇာတ်ကားလေးပါ။