လက်ရှိပတ်ဝန်းကျင်မှာဖြစ်ပျက်နေတဲ့အကြောင်းအရာတွေနဲ့ နိုင်ငံရေးအသိုင်းအဝိုင်းကပြဿနာတွေကိုထောက်ပြထားတဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဇာတ်လမ်းအစမှာဆိုရင်အာဏာရပါတီနဲ့ အတိုက်အခံပါတီနှစ်ခုရဲ့ ရွေးကောက်ပွဲအနိုင်ရဖို့အတွက်ယှဉ်ပြိုင်ကြတာကိုမြင်တွေ့ရမှာဖြစ်ပါတယ် မဲရလဒ်သိပ်မကွာတဲ့အနေအထားမှာပါတီနှစ်ဖက်လုံးအတွက် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းတွေက အရေးပါလာခဲ့ပါတယ် တကယ်လို့ တစ်သီးပုဂ္ဂလိကကိုယ်စားလှယ်လောင်းတွေကိုစည်းရုံးနိုင်ရင်အစိုးရဖွဲ့နိုင်ဖို့အတွက်သေချာသွားမှာပေါ့ အဲဒီမှာအတိုက်အခံပါတီဘက်က အဲဒီလွှတ်တော်အမတ်လောင်းတွေကိုစည်းရုံးသွားနိုင်ခဲ့ပြီး ဒီလူတွေဘေးကင်းရေးနဲ့ သူတို့ဖက်မှာရှိနေတာသေချာဖို့အတွက် အာဏာရပါတီလက်ထဲပါမသွားအောင်နေရာရွှေ့ပြောင်းဖို့စီစဉ်ပါတယ် ဒါပေမယ့် အဲဒီရွှေ့ပြောင်းနေတဲ့အချိန်အတွင်းလေးမှာပဲ ပါတီနှစ်ဖက်လုံးမှာမပါတဲ့ လူတစ်ယောက်ရောက်လာပြီး လွှတ်တော်အမတ်လောင်းတွေကိုပြန်ပေးဆွဲသွားခဲ့ပါတယ် အဲဒီထူးဆန်းတဲ့လူရဲ့သရုပ်အမှန်က ဘာဖြစ်မလဲ၊ လွှတ်တော်အမတ်လောင်းတွေကို ပြန်ပေးဆွဲရတဲ့ရည်ရွယ်ချက်ကရောဘာဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်