တရုတ်နိုင်ငံအတွင်း ဂျပန်တပ်တွေ အုပ်စိုးချယ်လှယ်စဥ်အချိန်ကာလ…, အဋ္ဌမလမ်းကြောင်း(ပါးလု)တပ်မတော်ရဲ့ အဖွဲ့ချုပ် ဖြစ်သူ လီယွင်လုံ နဲ့ ရှို့ချင်တို့ရဲ့ မင်္ဂလာပွဲညမှာ ဂျပန်အထူးတပ်ဖွဲ့ဟာ ဝင်ရောက် ထိုးစစ်ဆင်ပါတော့တယ် ။ အဲဒါအပြင် ကျောက်ကျားတောင်ကြားရွာက ရွာသူရွာသား အများအပြားဟာ ဂျပန်တွေလက်ထဲမှာ အပြစ်မဲ့စွာသေဆုံးသွားခဲ့ကြပြီး သတို့သမီးဖြစ်သူ ရှို့ချင်ကိုလဲ အရှင်လတ်လတ်ဖမ်းဆီးသွားခဲ့ပါတော့တယ် ။ ဒီလုပ်ရပ်ကို မခံမရပ်ဖြစ်နေကြတဲ့ အဋ္ဌမလမ်းကြောင်း(ပါးလု) တပ်မတော် နဲ့ ကျောက်ကျားတောင်ကြားရွာ ရွာသူရွာသားတွေဟာဖက်စစ်ဂျပန်တွေကို တိုက်ခိုက်ဖို့အတွက် တစ်ဖန်ပြန်ကာ ထိုးစစ်ဆင်လာခဲ့ပါတယ် ။ ဒီတော့ –