Secret Lives Of Housewives FHD

Secret Lives Of Housewives

Drama TV Movie FHD 2022-05-08 3.5 84 Min

ပီတာတစ်ယောက် ခြေလှမ်းတွေပျက်နေတာကို ကန်ဒရာရိပ်မိပေမယ့်မပြောဖြစ်ခဲ့ပါဘူး။ ကားပတ်မောင်းမယ်ပြောပြောပြီးတစ်နာရီနှစ်နာရီလောက် ပျောက်ပျောက်နေခဲ့တယ်။ တစ်နေ့ဆိုညသန်းခေါင်မှပြန်လာတယ်။ ကန်ဒရာလည်း အိပ်ချင်မူးတူးနဲ့နှုတ်ဆက်ပြီး ပြန်အိပ်ပျော်သွားခဲ့တယ်။နောက်တစ်နေ့ အိပ်ရာနိုးတော့ အဲရစ်အိမ်နားမှာ ရဲတွေအများကြီး၊အဲရစ်အိမ်ကနေ အဝတ်ဖြူအုပ်ထားတဲ့ အလောင်းတစ်လောင်းကိုလည်း ထမ်းစင်နဲ့သယ်သွားတာတွေ့လိုက်တယ်။ အဲရစ်နဲ့ သူနဲ့သိအောင် မိတ်ဆက်ပေးခဲ့တဲ့ အဲရစ်ရဲ့အချစ်ဆုံးမိန်းကလေးကို ဖုန်းဆက်မေးကြည့်တော့ အဲရစ်ဆုံးပြီတဲ့။ ဘာကြောင့်လဲ၊ အဲရစ် ဘယ်လိုဖြစ်ပြီးဆုံးသွားတာလဲ၊ ဘယ်သူကသတ်လိုက်တာလဲ၊ နောက်ဆုံးမှာမထင်ထားတဲ့ လူသတ်သမားကရော ဘယ်သူဖြစ်သွားမလဲ၊အဲဒီ မေးခွန်းပေါင်းများစွာရဲ့ အဖြေကို ကိုယ်တိုင်ပဲကြည့်ရှုရှာဖွေလိုက်ကြပါ။