ဇာတ်လမ်းကတော့ 1960ခုနှစ်အစပိုင်း 1962ခုနှစ်က ဖြစ်ရပ်မှန်ကွင်းဆက်လူသတ်မှုအပေါ် အခြေခံထားပါတယ်။ လိုရက်တာမက်လောက်လင်က Record Americaသတင်းဌာနက သာမည သတင်းထောက်မလေးပါ၊ သူက မှုခင်းအမှုတွေကို လုပ်ဆောင်ချင်တာဖြစ်ပြီးတော့ စိတ်ကူးနဲ့လက်တွေ့အကောင်ထည်မဖော်နိုင်သေးသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ လိုရက်တာတစ်ယောက် ကွင်းဆက်လူသတ်မှု ဖြစ်နိုင်တဲ့ အမျိုးသမီးတွေကို လည်ပင်းညှစ်ပြီး လိုက်လံသတ်ဖြတ်နေတဲ့အမှုတစ်ခုကို လမ်းစဖော်လိုက်မိပါတယ်။ သူဒီအမှုကိုစုံစမ်းရင်း စုံစမ်းရင်းနဲ့ အမှုဟာ ဘယ်လိုဖြစ်သွားမလဲ၊ ဒီမိန်းမတွေကို လိုက်သတ်နေတဲ့လူကဘယ်သူလဲ၊ ဘာလို့ လည်ပင်းညှစ်ပြီးပဲသတ်ရတာလဲ၊ လူသတ်မှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလူတွေရှိနေကြလဲဆိုတာကို ဒီကားထဲမှာ စုံထောက်တစ်ယောက်လို သတင်းထောက်သလောက်လိုPOVနဲ့ကြည့်ရှု့သွားရမှာဖြစ်ပါတယ်။ Disney+ထုတ်ထာမို့လို့ ဇာတ်လမ်းက တစ်ဝက်လောက်မှာ နည်းနည်းလေးအီသလိုဖြစ်ပင်မယ့် အမှုအတွက် လမ်းစခင်းနေတာမို့လို့ နောက်ဆုံးကြမှ အော် အဲလိုလား ဆိုပြီး ဖြစ်မယ့်ရုပ်ရှင်မျိုးပါ။ လူသတ်ကားတွေကြိုက်တဲ့Tasteမျိုးလည်းရှိတယ် စုံထောက်ပုံစံ သတင်းထောက်တွေအလုပ်လုပ်တဲ့ပုံစံမျိုးလည်းကြိုက်တတ်တဲ့tasteရှိတယ်လို့ ဒီကားက အင်မတန်မှ ကြည့်လို့ကောင်းမယ့် ” ဖြစ်ရပ်မှန်ပေါ် အခြေခံရိုက်ကူးထားတဲ့ရုပ်ရှင် ” တစ်ကားဖြစ်ပါကြောင်း သုံးသပ်ရင်း နိဂုံးချုပ်အိပ်ပါတယ်။