To Be Killed by a High School Girl HD

To Be Killed by a High School Girl

Crime Drama Thriller HD 2022-04-01 4.75 110 Min

ဒီဂျပန်ကားက တော်တော်လေးစားတယ်။ ဇာတ်အိမ်တည်ထားက သူ့နာမည်အတိုင်းပဲ အထက်တန်းကျောင်းတစ်ကျောင်းမှာ။ဒါပေမဲ့ သူက စိတ်ပညာနဲ့ သဘာဝလွန်ကို သမပြီး မှုခင်းဒရာမာလိုလို ပြသွားတယ်။ဒီကားရဲ့ အဓိကဇာတ်လိုက်က အထက်တန်းကျောင်းတစ်ကျောင်းက သမိုင်းဆရာ။သူက သမိုင်းဆရာဆိုပေမဲ့ အစက စိတ်ပညာသင်ယူနေရင်းကနေ အကြောင်းတစ်ခုကြောင့် အထက်တန်းကျောင်းမှာ ဆရာဝန်လုပ်တဲ့လူ။ ဆန်းတာက သူ့ရဲ့ စိတ္တဇပဲ။ ထူးထူးဆန်းဆန်းပဲ သူက သူ့ကို သတ်တာခံချင်တဲ့ရောဂါရှိနေတယ်။ ဒါပေမဲ့ တွေ့ကရာလူသတ်တာခံချင်တာမျိုးတော့မဟုတ်ဘူး။ အတိအကျဆို ၁၇နှစ်အရွယ် အထက်တန်းကျောင်းသူလေး သတ်တာ ခံချင်တာ။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ ဒီလိုသတ်တာမှာ ပလိန်းကြီးသတ်တာလည်းမခံချင်ဘူး။ သူက ပြန်ရုန်းကန် ပြန်လွတ်အောင်လုပ်ဦးမယ်။ ဒါကိုမှ ဟိုကမရမကသတ်ရမယ့် အခြေအနေကို လိုချင်တာ။ သူ့လို လူကြီးကို ကလေးမလေးက သတ်ဖို့တော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ဒါပေမဲ့ ကောင်မလေးဘက်မှာ သူ့သူငယ်ချင်း သဘာဝလွန်စွမ်းအားတွေရှိနေတဲ့ ကလေးမလေးက တစ်ချို့အဖြစ်တွေကို ကြိုမြင်နေတော့ သူနည်းနည်းတော့ တိုင်ပတ်လာတယ်။ ဘာတွေဆက်ဖြစ်မလဲ ကျောင်းဆရာပဲ အောင်မြင်သွားမလား။ ကောင်မလေးပဲ လွတ်မြောက်သွားမလား။ ကောင်မလေးထဲက Personalityတွေ နိုးထလာအောင် ကျောင်းဆရာက ဘယ်လိုတွေကြံပြီ ကောင်မလေး သူငယ်ချင်းက ဘယ်လိုတွေတားမလဲတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ပါ။