Bad City HD

Bad City

Action Crime HD 2022-07-05 6.2 118 Min

ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ခပ်ကြမ်းကြမ်းနဲ့ကြည့်ရှုရမယ့် “Bad City”ဆိုတဲ့ ဂျပန်ကားလေးပဲဖြစ်ပါတယ် မာဖီးယားဂိုဏ်းတွေ၊ ရာဂူဇာဂိုဏ်းတွေရဲ့ကြားကအရှုပ်အထွေးတွေနဲ့အတူ မြို့ကိုလက်ဝါးကြီးအုပ်ခြယ်လှယ်ချင်တဲ့ကောက်ကျစ်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြားက ပြဿနာတွေ ပဋိပက္ခတွေကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်ဂိုဂျိုလုပ်ငန်းစုရဲ့ ဝါတာရူဂိုဂျိုဟာ အပြင်ဘက်မှာတော့ ခိုင်ကိုမြို့ရဲ့ကောင်းကျိုးတွေကိုလုပ်နေတယ်လို့ထင်ရပေမယ့်အတွင်းပိုင်းမှာတော့မာဖီးယားဂိုဏ်းတွေနဲ့ပတ်သက်ပြီး သူ့ကိုယ်ကျိုးအတွက်ကောင်းဖို့တစ်ခုထဲလုပ်နေတဲ့သူဖြစ်ပါတယ်ဂိုဂျိုကိုဖြုတ်ချနိုင်ဖို့အတွက်အမှုစစ်ဟီယာရာက အကြမ်းဖက်မှုခင်းအဖွဲ့က အဖွဲ့ဝင်တွေပါတဲ့အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်ပါတော့တယ်ဒီအဖွဲ့က ရာဇဝတ်မှုတွေကိုထင်သလိုကျူးလွန်နေတဲ့ဂိုဂျိုကို ဘယ်လိုဖြုတ်ချသွားမလဲ…မာဖီးယားဂိုဏ်းတွေရဲ့အန္တရာယ်တွေကြားမှာ သူတို့တာဝန်ကိုပြီးမြောက်အောင်လုပ်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်