အာရွန် ဟာ မွေးဖွားလာကတည်းက ထူးခြားတဲ့သူပါ မိခင် ၀မ်းဗိုက်ထဲတွင် စတင် လွယ်စဉ်ကတည်း အမွှာပူးဖြစ်ခဲ့သော်လဲ မွေးဖွားလာခဲ့သောအခါ အာရွန် တစ်ယောက်ထဲသာ ဖြစ်ခဲ့ပါတယ် ဆေးပညာလောကတွင် ဖြစ်ခဲသော ဖြစ်တက်သော အစဉ်အလာ တစ်ခုဖြစ်ပြီး တစ်ခြား အမွှာတစ်ယောက်အား တစ်ယောက်က စုပ်ယူသွားတာ ဖြစ်ပြီး ၂ ကိုယ် တစ်စိတ် နဲ့ အသက် ၂ခု ရှိတဲ့ သူ ဖြစ်ကြောင်း ငယ်စဉ်က ဆရာဝန်တွေက အာရွန်ရဲ့ မိဘတွေကို ရှင်းပြခဲ့ပါတယ်… အာရွန် ဟာ ဆိုးလဲ ဆိုးသူ တော်လဲ တော်တဲ့သူ လို့ အာရွန် နဲ့ ပတ်သက်မိသူတွေက ပြောဆိုကြပါတယ် တစ်ရက်မှာတော့ အာရွန် နဲ့ ပက်သက်ခဲ့မိသူတွေ ခရီးသွား ကားတစ်စီးပေါ်တွင် ဆုံမိရာကနေ စကားစပ်မိရင်း တစ်ချိန်ထဲ တစ်နေရာထဲမှာ အာရွန် ကို သိတဲ့သူတွေ ဘာကြောင့်ဆုံမိခဲ့သလဲ ဆိုတာ အထူးအဆန်းဖြစ်နေပါတယ်…