ဦးနှောက် အကျိတ်ကင်ဆာဖြစ်နေတဲ့ ဖီးလစ်မှာ သမီးလေးတစ်ယောက်ရှိပါတယ်။ သမီး ဖြစ်သူ ခရစ်စတယ်ကလည်း အိမ်ကို မထောက်ပံ့နိုင်ပဲအဆိုတော်ဖြစ်ဖို့ကြိုးစားနေပါတယ်။ဂရန့် ဆိုတဲ့ကောင်လေးကတော့ Rapper ဖြစ်ဖို့ကြိုးစားနေပြီး ကလပ်တစ်ခုရဲ့ ပိုင်ရှင်အတွက် ဆေးခြောက်ရောင်းပေးနေတာပါ။ဂရန့်နဲ့ ခရစ်စတယ်ကတော့ ဘာလိုလိုညာလိုလိုပါ။တစ်ရက် ခရစ်စတယ်ရဲ့အမေက ထီဆုကြီးကိုပေါက်တဲ့အခါမှာတော့သမီးဖြစ်သူနဲ့ ဂရန့်တို့ဟာ ထီပေါက်တဲ့အကြောင်း အမေဖြစ်သူကိုမပြောဘဲ နှစ်ယောက်ထဲ အမေရိကားကိုသွားဖို့ စီစဉ်ကြပါတော့တယ်။ဂရန့်ဟာ သူ့ဘော့စ်အတွက် ဆေးခြောက်ရောင်းရင်းနဲ့ ရဲအဖမ်းခံလိုက်ရတဲ့အချိန်မှာတော့…ဆိုးဝါးလွန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်လာပါတော့တယ်..အဲ့ဒီနောက်မှာတော့…