နည်းပညာတွေ တိုးတတ်နေတဲ့ ခေတ်ကြီးအတွင်းမှာ ဘယ်အရာမဆို အွန်လိုင်းကနေပြီး စီမံလုပ်ကိုင်လို့ ရနေခဲ့ပါတယ် ။အဲဒီအထဲမှာ အွန်လိုင်းချေးငွေလုပ်ငန်းတွေကလဲ အပါအဝင်ပါပဲ ။အာမခံချက် လုံလုံလောက်လောက်မရှိပဲနဲ့ ကိုယ်လိုချင်တဲ့ငွေပမာဏကို ချေးယူနိုင်တဲ့ အွန်လိုင်းငွေချေးလုပ်ငန်းတွေဟာတရုတ်နိုင်ငံရဲ့ ဟန်ကျန်းမြို့ကြီးအတွင်းမှာ ပျံ့နှံ့လို့နေခဲ့ပါတယ် ။ဒီလိုမျိုး လုပ်ငန်းတွေ ခေတ်စားလာခဲ့သလို မြို့အတွင်းမှာအမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာလဲထူးထူးဆန်းဆန်း ဖြစ်ပေါ်ခဲ့ပြန်ပါတယ် ။ ဒီအမှုကို အထူးရဲတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ရှိီးယွီ ဦးဆောင်တဲ့ အမျိုးသမီးငယ်လေးများဟာစတင် စုံစမ်းခဲ့ကြပါတော့တယ် ။ စုံစမ်းပြီးတဲ့နောက်မှာတော့အမျိုးသမီးလူငယ်လေးတွေ အစုလိုက် အပြုံလိုက်ပျောက်ဆုံးမှုတွေဟာအွန်လိုင်းချေးငွေလုပ်ငန်းနဲ့ ပတ်သတ် ဆက်နွယ်နေတဲ့အကြောင်းသိရှိသွားခဲ့တဲ့အပြင် ချေးငွေပြန်မဆပ်နိုင်တဲ့ မိန်းမပျိုလေးတွေဟာလိင်ကျွန်အဖြစ်သူများနိုင်ငံကို ရောင်းစားခံတယ်ဆိုတဲ့ကြောက်မက်ဖွယ်ကောင်းတဲ့ သဲလွန်တစ်ခုကိုပါ ရလိုက်တဲ့အခါမှာ ….