Tough Heart 特战行动队 FHD

Tough Heart 特战行动队

Action FHD 2023-03-12 8.3 0 Min

အာရုတစ်ခုလုံးကို ဖက်ဆစ်ဂျပန်တွေကနယ်ချဲ့ဖို့ကြိုးစားနေတဲ့၁၉၃၀ခုနှစ်အကျော်ကာလကိုအခြေခံပြီးရိုက်ကူးထားတဲ့ တော်လှန်ရေးကားပဲဖြစ်ပါတယ်။နိုင်ငံရေးတွေရှုပ်ထွေးပြီး ပြည်သူတွေအားလုံးအတွက်သေရေးရှင်ရေးဖြစ်လာတဲ့အခါ ပြည်သူတွေရဲ့မျိုးချစ်စိတ်ကနိုးကြားလာပါတယ်။မျိုးချစ်တစ်ယောက်ဟာအသေခံအရဲစွန့်ပြီး ဂျပန်စစ်တပ်အကြံပေးအရာရှိကိုလုပ်ကြံခဲ့ပြီး ရှန်ဟိုင်းစစ်ရေးလှုပ်ရှားမှုနဲ့ပတ်သက်တဲ့လျို့ဝှက်သတင်းကို (နှစ်တစ်ရာထိုက်ဆွေ့)ထဲမှာဖွက်ထားခဲ့တယ်။နှစ်တစ်ရာထိုက်ဆွေ့ကို ကျန်းမိသားစုကရှန်ဟိုင်းကိုလျှို့ဝှက်သယ်ဆောင်လာတဲ့အချိန်မှာကျန်းမိသားစုကသတ်ခံလိုက်ရပါတယ်။ ပြဇာတ်အဖွဲ့ကတပည့်လေးတစ်ယောက်ဖြစ်တဲ့ ချင်ထိုက်ဆွေ့ဟာမထင်မှတ်ပဲ မှုခင်းနေရာကိုရောက်သွားပြီး တရားခံအဖြစ်သတ်မှတ်ခြင်းခံရပါတော့တယ်။နှစ်တစ်ရာထိုက်ဆွေ့ဟာ ရှန်ဟိုင်းမြေအောက်ဂိုဏ်းခေါင်းဆောင်လက်ထဲကိုရောက်သွားပြီး လေလံတင်ရောင်းချဖို့ဖြစ်လာပါတယ်။အဲဒီအချိန်မှာ အပြစ်မရှိတဲ့ ချင်ထိုက်ဆွေ့ကသူအပြစ်မရှိကြောင်းပြနိုင်ဖို့အတွက်လိုက်လံစုံစမ်းရာကနေပြီး မျိုးချစ်ဂျပန်တော်လှန်ရေးသမားတွေနဲ့ပူးပေါင်းမိပြီးဂျပန်လျို့ဝှက်စစ်ရေးသတင်းကိုပြန်အရယူဖို့ကြိုးစားကြပါတော့တယ်။ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်