အက်ရှင်ကား ကြိုက်သူများအတွက် ၂၀၂၃ ခုနှစ်မှာ အသစ်ထွက်ရှိလာတဲ့ အက်ရှင်ကားအသစ် တင်ဆက်ပေးလိုက်ပါတယ်။ ဘက်ဂျက်အကြီးကြီး ရုပ်ရှင်မျိုးတော့ မဟုတ်ပေမယ့် သူ့ဘက်ဂျက်နဲ့နိုင်သလောက် လုပ်ပြထားတဲ့ ပုံစံမျိုးပါ။ တစ်ချို့ပြကွက်တွေမှာJohn Wick လို ရုပ်ရှင်မျိုးကိုမှမတူတဲ့ပုံစံတစ်မျိုးနဲ့ ကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ ဝေါ်ကာဟာ ကြေးစားလုပ်ကြံရေးသမားတစ်ယောက်ပါ။ မစ်ရှင်တစ်ခုမှာ သူ့ရဲ့ ရုပ်ကိုမြင်သွားလို့ ခဏလောက် ခြေရာဖျောက်နေရင်းအထောက်အထားအသစ်လုပ်ဖို့အတွက် ပြန်လည်ခန့်အပ်ရေးစင်တာကို ရောက်လာခဲ့ပါတယ်။ ပြန်လည်ခန့်အပ်ရေးစင်တာဆိုကတော့John Wick ထဲက Continental Hotel လိုမျိုးပဲ လုပ်ကြံရေးသမားတွေအတွက် ညအိပ်ဖို့၊ အထောက်အထားအသစ်တွေ လုပ်ဖို့ ကူညီပေးတဲ့နေရာတစ်ခုပါ။စင်တာမှာ ဝေါ်ကာရောက်နေတုန်း လူဆိုးအဖွဲ့တစ်ဖွဲ့က သူတို့သူဌေးဖမ်းဆီးထားတဲ့ မိန်းကလေးတစ်ယောက်နဲ့ သူ့ကို ကယ်ထုတ်သွားတဲ့အယ်လ်ဒါ့ကို ဝင်ရှာဖို့အတွက် စင်တာကို ဝင်စီးပါတော့တယ်။ အယ်လ်ဒါလည်း ဝေါ်ကာ့အကြောင်းကို သိထားပြီးသားဆိုတော့ သူတို့ကိုကူညီဖို့အတွက် ဝေါ်ကာ့ကို အကူအညီတောင်းပါတော့တယ်။ ဝေါ်ကာလည်း ပဲလှော်ကြား ဆားညှပ်ဆိုသလိုပဲ လူဆိုးဂိုဏ်းလက်ထဲကနေအမျိုးသမီး နှစ်ယောက်ကို ကယ်ရင်းနဲ့ တစ်ညတာရှင်သန်နိုင်ဖို့ ကြိုးစားရပါတော့တယ်။