၁၉၉၀ခုနှစ်အလွန် မွန်ဘိုင်း(ခေါ်)ဘုံဘေမြို့မှာ ဒုစရိုက်လောကသားတွေရဲ့ အရှိန်အဝါ မြင့်တက်လာခဲ့ပြီး တစ်မြို့လုံးဟာ ထိန်းမရသိမ်းမရအခြေအနေကို ရောက်ရှိသွားပါတော့တယ်။တစ်ချိန်တည်းမှာပဲ အစိုးရဘက်ကလည်း ဒုစရိုက်လောကသားတွေကို ထိရောက်စွာနှိမ်နင်းဖို့ရာEncounter Cops လို့ခေါ်တဲ့ အသေပစ်ခတ်ဖမ်းဆီးနှိမ်နင်းရေးအထူးတပ်ဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းကလုပ်ပိုင်ခွင့်အာဏာ အပြည့်အဝ အပ်နှင်းလိုက်ပါတော့တယ်။ ဒုစရိုက်လောကသားတွေနဲ့ အစိုးရတပ်ဖွဲ့ဝင်တွေရဲ့ ဒီရန်စဟာ တဖြည်းဖြည်းကြီးထွားလာပြီး ဘယ်သူတွေက အနိုင်ရသွားမှာလဲ…ဘယ်သူတွေက ဘယ်လောက်အထိ ရက်စက်ကြမ်းကြုတ်ကြမလဲ…ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ …