50 or Two Whales Meet at the Beach FHD

50 or Two Whales Meet at the Beach

Unknown FHD 2020-09-03 4.7 122 Min

ဒီ “50 or Two Whales Meet on the Beach” ဆိုတဲ့ဇာတ်ကားလေးကတော့ ဖယ်လိစ်နဲ့ အယ်လီဆာဆိုတဲ့ ဆယ်ကျော်သက်လေးနှစ်ယောက် “Blue Whale Challenge” ကစားတာကိုအဓိကဇာတ်အိမ်ပြုထားတာပါ။ အရင်ဦးဆုံး “Blue Whale Challenge” ဆိုတဲ့ဂိမ်းကိုရှင်းပြပေးချင် ပါတယ်။ “Blue Whale Challenge” ဆိုတာက ၂၀၁၆ ဝန်းကျင်လောက်တုန်းက ကမ္ဘာပေါ်ကနေရာအနှံ့မှာခေတ်စားခဲ့တဲ့ အန္တရာယ်ရှိတဲ့အွန်လိုင်းစိန်ခေါ်မှုကစားပွဲတစ်ခုပေါ့။ အဲဒီဂိမ်းကစားရတဲ့ပုံစံဟာဆိုရင် ဆော့ကစားတဲ့သူတွေအနေနဲ့ ရက် ၅၀ ကာလအတွင်းမှာ အက်မင်ဆိုတဲ့သူတွေဆီကနေ စိန်ခေါ်မှု အခု ၅၀ကိုလက်ခံပြီးအောင်မြင်အောင်လုပ်ရမှာပါ။