Strong Enough ကတော့ အားကစားနဲ့ ဒရာမာ ရောစပ်ထားတဲ့ကားလေး တစ်ကားဖြစ်ပါတယ်။ကိုယ်ကာယအားကစားသမား ဆမ်ဂျွန်ဆန်တစ်ယောက် နာရီဝက်အတွင်း ကမ္ဘာစံချိန်ခြောက်ခုကိုချိုးဖို့ အပြင်းအထန်ကြိုးစားနေတုန်း သူမရဲ့ အိမ်ထောင်ရေးအရှူပ်အထွေးတွေ ရောက်လာတဲ့အခါဘယ်လိုတွေ ရင်ဆိုင်ကျော်လွှားခဲ့လဲ… ဘယ်လိုစံချိန်တွေကို ချိုးမှာလဲ… အကုန်လုံး ချိုးနိုင်ခဲ့လား… သူဘာကြောင့် ဒီစံချိန်တွေကိုချိုးဖို့ အပြင်းအထန်လေ့ကျင့်ခဲ့ရလဲဆိုတဲ့ အကြောင်းအရာတွေကို စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်။