ဘာဂေ့ဗ်ဆိုတဲ့ကောင်လေးဟာ နည်းပညာကုမ္ပဏီတစ်ခုမှာအလုပ်လုပ်နေတဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ယောက်ပဲဖြစ်ပါတယ်။သူဟာ အလုပ်နဲ့ပတ်သက်ရင် အမြဲ တလွဲတချော်ဖြစ်နေတတ်ပေမဲ့အကောင်းဆုံးဝန်ထမ်းဆုရဖို့အတွက် အသည်းအသန်အလုပ်ကြိုးစားနေတဲ့သူပါ။သူ့မှာ သူ့လိုပဲ တလွဲတချော်လုပ်တတ်တဲ့ သူငယ်ချင်းတွေရှိပြီးဘယ်သူမှမသိတဲ့ကိစ္စတချို့ကိုလည်း သူက လျှို့ဝှက်ထားပါသေးတယ်။ ဒီရုပ်ရှင်လေးဟာ ပေါ့ပေါ့ပါးပါး ခွီရင်း အပျင်းပြေ ကြည့်လို့ရတဲ့ ဟာသ၊ ဒရာမာရုပ်ရှင်လေးဖြစ်ပြီး သူ ဘာလို့ အကောင်းဆုံးဝန်ထမ်းဆုကိုအသည်းအသန်လိုချင်နေလဲဆိုတာကို ဇာတ်လမ်းထဲမှာ မြင်ရမှာဖြစ်ပါတယ်ဗျ…။