ကုလို့မရတဲ့ အဆုတ်ရောဂါခံစားနေရတဲ့ ဟယ်လင်ဟာ သူ့ဘဝသူ စိတ်ကုန်နေပြီးတော့ အကောင်းမြင်တတ်လွန်းတဲ့ ယောင်္ကျားဖြစ်သူ မက်သရူးနဲ့ အလုံးစုံ မျှဝေမခံစားနိုင်အောင် ဖြစ်နေပါတယ်။ အင်တာနက်ပေါ်က ဘဝအဆုံးသတ် ဘလော့တွေကိုကြည့်ရင်းနဲ့ ဟယ်လင်ဟာ နော်ဝေမှာရှိတဲ့ တောင်ကမ်းပါးကြားက နေရာလေးမှာ တစ်ယောက်ထဲ ငြိမ်းငြိမ်းချမ်းချမ်း သွားနေဖို့ ဆုံးဖြတ်လိုက်တယ်။ဒါရိုက်တာဟာ ဟယ်လင်ရဲ့ သေရေးရှင်ရေး လွန်ဆွဲနေတဲ့ အခြေအနေကို စကင်ဒီနေဗီးယန်းရဲ့ တောတောင်သဘာဝရှုခင်းတွေနဲ့ နော်ဝေမှာဟယ်လင်နေတဲ့ သေးငယ်မှောင်မှိက်နေတဲ့ တံငါသည်တစ်ယောက်ရဲ့ အိမ်ငယ်လေးကို နှိုင်းယှဉ်ပြထားတယ်။ဟယ်လင်က ယောင်္ကျားဖြစ်သူအတွက် ခံစားချက် ရှိနေသေးပေမယ့် သူမရဲ့ ရောဂါကြောင့် လိင်စိတ်ဆန္ဒကို ဖြေဖျောက်ဖို့တောင် ခန္ဓာကိုယ်ကမလိုက်လျောနိုင်တဲ့ အခြေအနေကို ရောက်နေတာပါ။ အဓိပ္ပါယ်ပြည့်ဝတဲ့ သေခြင်းမှာ နောက်ဆုံးအနေနဲ့ အဓိကကျတာကတော့ ရှင်သန်နေတုန်းမှာလိုအပ်တဲ့အရာနဲ့ အတူတူပါပဲ… ကိုယ့်ကိုယ်ကိုယ် ရိုးသားပြီး နှလုံးသားရဲ့ အသံကို နားထောင်ပါ… ကိုယ့်စိတ်ထဲရှိတဲ့အတိုင်းတကိုယ်ကောင်းဆန်သင့်ရင်ဆန်ပြီး လုပ်ချင်တာတွေ လုပ်ပစ်ဖို့လိုက်ဖို့ပါပဲ…