ဘီဟာသူ့အမေနဲ့သားအမိနှစ်ယောက်တည်း ဘဝကိုဆင်းရဲစွာနဲ့ရုန်းကန်ရင်းနေကြရတာဖြစ်ပါတယ် တစ်နေ့ဘီ့ကိုမကောင်းကြံဖို့လုပ်တဲ့သူကို ခုခံကြရင်းဘီ့အမေသေဆုံးသွားခဲ့ပါတယ် ဘီတစ်ယောက်တည်းဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့အချိန် လင်းဆိုတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီး ဘီ့ကို သူ့အိမ်မှာစောင့်ရှောက်ပေးခဲ့ပါတယ် အဲဒီအိမ်မှာ ဘီ့အပြင်ဟုန်နဲ့ ထန်ရာဆိုတဲ့ကောင်မလေးနှစ်ယောက်ရှိပါသေးတယ် အဲဒီလင်းဆိုတဲ့အမျိုးသမီးဟာသူတို့သုံးယောက်ကိုသန်မာအောင် တိုက်ရေးခိုက်ရေးကိုယ်ခံပညာအားလုံးသင်ပေးပြီးသူတို့မြို့မှာရှိနေတဲ့အမျိုးသမီးတွေကိုရောင်းစားနှိပ်စက်နေတဲ့ဂိုဏ်းတစ်ခုကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးပါတယ် အမျိုးသမီးသုံးယောက်တည်းနဲ့ဖွဲ့စည်းထားတဲ့ ဘီတို့အဖွဲ့ဟာ လူဆိုးဂိုဏ်းတစ်ခုကို တိုက်ခိုက်နိုင်ပါ့မလား၊ဘယ်လိုအမိုက်စားတိုက်ခိုက်ခန်းတွေပါဝင်လာမှာလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုပေးကြပါဦးနော်