အက်ဂီအန်းစတောင်းဟာ စွန့်စားပြီးရတနာတွေကိုလိုက်ရှာရတာ ကြိုက်တဲ့ကောင်မလေးပါ။ ဒါပေမယ့်အသက်ကြီးလာပြီး ကလေးတစ်ယောက်ရတဲ့အချိန်မှာတော့ သားဖြစ်သူကို စောင့်ရှောက်ရင်း သူ့သားတက်တဲ့ကျောင်းမှာ ဆရာမအဖြစ်အလုပ်လုပ်ကိုင်နေခဲ့တာပါ။ အတန်းထဲမှာ တွမ်ဆောယာရဲ့ ရွှေ ဆိုတဲ့စာအုပ်အကြောင်းကို သင်ရင်း ကလေးတွေကိုအိမ်စာပေးလိုက်ပါတယ်။ သားဖြစ်သူ အန်တိုနီဟာ သူငယ်ချင်းဖြစ်သူ ဝူဒီ၊ လူ တို့နဲ့အတူတွမ်ဆောယာရဲ့ ရွှေတွေကို စာအုပ်ထဲက လေ့လာရုံနဲ့တင် အားမရဘဲအပြင်မှာပါ တကယ်လိုက်ရှာဖို့ ကြိုးစားပါတော့တယ်။သူမသိအောင် ခိုးထွက်သွားတဲ့ သားကို လိုက်ရှာဖို့လုပ်ရင်း အက်ဂီလည်း စွန့်စားခန်းပြန်ထွက်ဖို့ ကြုံလာပါတယ်။ ဒါပေမယ့် ရတနာတွေကို လိုက်ရှာဖို့ ကြိုးစားတာက သူတို့ချည်းတင်မဟုတ်ဘဲ ကျောင်းကိုအသစ်ရောက်လာတဲ့ မစ္စတာ အေဂျေ ဆိုတဲ့ ဆရာတစ်ယောက်လည်းပါပါတယ်။ အက်ဂီဟာ ကောလိပ်မှာတုန်းက မစ္စတာ အေဂျေရဲ့ သုတေသနလက်ထောက်ဖြစ်ခဲ့တာပါ။ ဒီလိုနဲ့ သူတို့တွေ ရွှေတွေကို လိုက်ရှာဖို့ဘယ်လိုအခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်မလဲဆိုတာကို ပေါ့ပေါ့ပါးပါး ကြည့်လိုက်ကြပါဦး။