Hitchcock HD

Hitchcock

Drama HD 2012-11-22 6.524 98 Min

အချိန်ကာလကတော့ Psychoရုပ်ရှင်ကိုရိုက်ကူးခဲ့တဲ့ ၁၉၆၀ ခုနှစ်မှာဖြစ်ပြီး ဟစ်ခ်ျကော့ခ်တစ်ယောက် Vertigo နဲ့ North by Northwest တို့ကို ၁၉၅၈ နဲ့ ၅၉ ခုနှစ်တွေမှာ ရိုက်ကူးဖြန့်ဝေခဲ့ပြီး အောင်မြင်မှုအပေါင်းသရဖူဆောင်းနေတဲ့အချိန်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်ခ်ျကော့ခ်တစ်ယောက်ဟာ အသက်၆၀ ရှိနေပြီဖြစ်ပြီး ရုပ်ရှင်လောကကနေ အနားမယူသေးဘူးလားဆိုတဲ့ မေးခွန်းတွေကို ရင်ဆိုင်နေရတဲ့အချိန်လည်းဖြစ် Paramount နဲ့ စာချုပ်အရလည်းရိုက်ကူးထုတ်ဝေဖို့ရာ ရုပ်ရှင်တစ်ကားပဲကျန်ရှိတော့တာဖြစ်ပါတယ်။ ဒီအချိန်မှာ ဟစ်ခ်ျကော့ခ်ဟာ သူ့ရဲ့ နောက်ဆုံးရုပ်ရှင်ကို ရှေ့ကရုပ်ရှင်တွေနဲ့မတူဘဲ တမူထူးခြားဆန်းသစ်အောင် ရိုက်ကူးချင်တဲ့ စိတ်ဆန္ဒတွေပြင်းပြလာပါတော့တယ်။ ဒီလိုနဲ့မှီငြမ်းရိုက်ကူးဖို့ရာ ၀တ္ထုတွေကို ရှာဖွေရင်းကနေ ရောဘတ်ဘလော့ခ်ရေးသားခဲ့တဲ့ ၁၉၅၉ခုနစ်ထွက် Psycho လို့အမည်ရတဲ့ သည်းထိတ်ရင်ဖို၀တ္ထုကို ရှာတွေ့သွားပါတော့တယ်။ ဒါပေမယ့် ၁၉၆၀ခုနှစ်ဖြစ်သည့်အားလျော်စွာ ရုပ်ရှင်လောကမှာဆင်ဆာစိစစ်ဖြတ်တောက်မှုတွေဟာ တင်းကြပ်နေဆဲဖြစ်တာကြောင့် အဖော်အချွတ်နဲ့ သွေးသံရဲရဲဇာတ်၀င်ခန်းတွေပါတဲ့ Psycho ၀တ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းဖို့ရာ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်လာရပါတော့တယ်။