Where Would You Like to Go? HD

Where Would You Like to Go?

Drama HD 2023-07-05 5 103 Min

မတော်တဆမှုအတွင်း ကျောင်းသားဖြစ်သူဂွမ်ဂျီယုံးကို ကယ်တင်ဖို့ကြိုးစားရင်းအသက်ဆုံးရှုံးခဲ့ရတဲ့ အလယ်တန်းပြဆရာ ဂွမ်ဒိုဂယောင်း ။ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက် နေ့ရက်တွေကို အထီးကျန်ပြီးနာကျင်စွာဖြတ်သန်းနေရရှာတဲ့မြောင်ဂျီတစ်ယောက် တစ်နေ့မှာ‌တော့ နိုင်ငံရပ်ခြားကို အလည်အပတ်သွားရင်းမိတ်ဆွေဟောင်းဖြစ်သူ ဟျောင်းဆော့နဲ့အမှတ်မထင် ဆုံတွေ့ခဲ့ရပါတော့တယ်။တစ်ဖက်မှာလည်းမောင်ဖြစ်သူကိုဆုံးရှုံးလိုက်ရပြီးနောက် လေဖြန်းရောဂါနဲ့ ဆေးရုံတက်နေရတဲ့ဂျီအွန်းဟာလည်းအသက်ရှင်နေလျက် နာကျင်မှုတွေထဲ ပိတ်လှောင်ခံစားနေရတဲ့သူပါ။ဆုံးရှုံးမှုကို ယူကြုံးမရဖြစ်ပြီးလွမ်းဆွတ်နေရပေမယ့် အစ်မဂျီအွန်းကိုအကောင်းဆုံးစောင့်ရှောက်ပေးနေရှာတဲ့ ဂျီယုံးရဲ့သူငယ်ချင်းဖြစ်သူ ဟယ်ဆူ။သူတို့ရဲ့နေ့စွဲတွေကို ဘယ်လိုမျိုးဖြတ်သန်းသွားကြမလဲ…အနာကျင်ရဆုံးအခိုက်အတန့်ကိုရော ဘယ်လိုတွေကျော်လွှားသွားကြမလဲ…။ဒိုဂယောင်းရဲ့သေဆုံးမှုကိုမသိရှိဘဲ အတိတ်ကိုပြန်တူးဖော်နေတဲ့ဟျောင်းဆော့နဲ့ရော မြောင်ဂျီတစ်ယောက် ဘယ်လိုခံစားရမှာလဲ…ကိုရီးယားကို ပြန်လာတဲ့အခါ မြောင်ဂျီကိုစောင့်နေတဲ့ ဂျီအွန်းရေးထားတဲ့စာကရော အခြေအနေတွေကို ဘယ်လိုပြောင်းလဲစေမလဲ…။စတဲ့လွမ်းဆွတ်ဖွယ် နွေရာသီနေ့ရက်တွေကိုခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် ။