Almost Pyaar with DJ Mohabbat FHD

Almost Pyaar with DJ Mohabbat

Drama Music Romance FHD 2023-02-03 8 119 Min

အချစ်ကားလေးတွေကြည့်ရတာကြိုက်တဲ့ပရိသတ်ကြီးဆိုရင် “Almost Pyaar with DJ Mohabbat” ဆိုတဲ့ဒီကားလေးကိုကြည့်ကြဖို့ အကြံပြုချင်ပါတယ်ဇာတ်လမ်းပုံစံလေးကိုရိုးရိုးရှင်းရှင်းနဲ့တည်ဆောက်ထားပြီးတော့ အချစ်ရဲ့ဒဿနလေးတွေအကြောင်းကိုပြောပြသွားတာကို ကြည့်ရှုကြရမှာဖြစ်ပါတယ်လူမှုအဆင့်အတန်းကွာခြားမှု၊ ဘာသာရေးကွာခြားမှုတွေကြောင့် အခက်အခဲဖြစ်နေရတဲ့ စုံတွဲနှစ်တွဲကိုယှဉ်ပြီးတော့ရိုက်ကူးပြထားတာပါဟာမိဟာဆိုရင်လန်ဒန်မှာသီချင်းဆိုရင်းအသက်မွေးနေတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ် ဟာမိဟာသူ့ကိုချဉ်းကပ်လာတဲ့ဘယ်မိန်းကလေးကိုမှစိတ်မဝင်စားဘဲ သူဝါသနာပါရာဂီတကိုပဲတစိုက်မတ်မတ်လုပ်နေတဲ့သူပါ ဒါပေမယ့်သူဌေးသမီးဖြစ်တဲ့ အိုင်ရှာဟာသူ့ကိုစိတ်မဝင်စားတဲ့ ဟာမိကိုမှတစ်ဖက်သတ်ချစ်မိသွားပါတော့တယ် နောက်တစ်ဖက်မှာတော့ရာကုဟာသူ့ထက်မျိုးရိုးအဆင့်အတန်းမြင့်ချမ်းသာတဲ့ အမ်မရစ်တာဆိုတဲ့ကောင်မလေးကိုကြိုက်နေပါတယ်ရာကုဟာအမ်မရစ်တာသွားချင်တဲ့ဂီတပွဲကိုခေါ်သွားပေးဖို့ကြိုးစားရင်းပြဿနာတွေကမထင်မှတ်ဘဲကြီးသွားပြီးအခက်အခဲတွေရင်ဆိုင်နေရတာပေါ့ ကဲ..သူတို့နှစ်တွဲလုံးရဲ့ အဆုံးသတ်ဟာဘယ်လိုများဖြစ်မလဲ၊သူတို့တွေကြားမှာရှိနေတဲ့ ကွာခြားလှတဲ့အဆင့်အတန်း၊ ဘာသာရေးနဲ့မျိုးရိုးအခြေအနေတွေကိုကျော်လွှားသွားနိုင်ပါ့မလားဆိုတာကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမယ့်ကားလေးဖြစ်ပါတယ်