The Portable Doorဇာတ်ကားမှာတော့ အိမ်ဌားခပေးဖို့ လိုအပ်နေတဲ့Paulတစ်ယောက်ဟာ Barista အလုပ်ကိုအင်တာဗျူးသွားဖြေတဲ့နေ့မှာ အနှောင့်အယှက်မျိုးစုံကြုံတွေ့ခဲ့တာကြောင့် အင်တာဗျူးကို လွတ်သွားခဲ့တယ်။ဒါပေမဲ့ JWဆိုတဲ့ ထူးဆန်းတဲ့ကုမ္ပဏီကြီးမှာ အင်တာဗျူးဖြေဖို့ အခွင့်အရေးရသွားကာ Paulတစ်ယောက် JWကုမ္ပဏီမှာအလုပ်ရသွားခဲ့တယ်။ငွေလိုအပ်နေတာကြောင့် ဘာကုမ္ပဏီမှန်းသေချာမသိဘဲနဲ့ Paulတစ်ယောက်အလုပ်သွားလုပ်မိတဲ့အချိန်မှာတော့ကုမ္ပဏီဟာ မှော်ပညာတွေနဲ့ ပတ်သတ်နေကြောင်းကိုသိသွားခဲ့ရတယ်။ကုမ္ပဏီပိုင်ရှင်သူဌေးHumpheryက Paul ကို သူ့ရဲ့ပျောက်ဆုံးသွားတဲ့Portable Doorတစ်ချပ်ကိုရှာဖို့အတွက် တာဝန်ပေးခဲ့ပါတယ်။အလုပ်သင်Paulတစ်ယောက် သူဌေးHumpheryရှာခိုင်းတဲ့ portable doorကိုရှာနိုင်ပါ့မလား။JW ကုမ္ပဏီနောက်ကွယ်မှာဘယ်လိုလျို့ဝှက်ချက်တွေပြည့်နှက်နေမလဲဆိုတာ ကြည့်ရှူကြပါအုံး။