My Paparotti HD

My Paparotti

Drama HD 2013-03-14 7.6 127 Min

ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ဂီတဆရာနဲ့အီတလီသား operatic tenorတစ်ယောက်ဖြစ်တဲ့ Paparottiကို အားကျပြီးသူ့လိုဖြစ်ချင်တဲ့ လူမိုက်ဂိုဏ်းဝင်လူငယ်လေးတစ်ယောက်တို့ ဆရာတပည့်တွေဖြစ်လာရာကနေ စထားပါတယ်။ဂီတကိုလည်းချစ် မိဘတွေရော အဘွားရော မရှိတော့တဲ့နောက် ဝင်ထားတဲ့လူမိုက်ဂိုဏ်းကလည်း ထွက်မရနေတဲ့ လူငယ်လေးတစ်ယောက်ကျောင်းမှာဂျစ်ကန်ကန်လုပ်နေရင်းက တကယ့် tenorတစ်ယောက်ဖြစ်လာဖို့ ကြိုးစားချင်စိတ်ပေါ်လာပုံတွေ။ဆရာက သူ့တပည့်ကို ဘဝမှာရော ဂီတမှာရော လမ်းမှန်အောင်ပို့ပေးခဲ့ပုံတွေကို ရိုက်ပြထားပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့တော့ ပြောပါတယ်။ ဂီတအကြောင်းရော လူမိုက်ဂိုဏ်းအကြောင်းရော ရောသမမွှေထားတာမို့ ရသစုံနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။