Spirit Puppets 灵偶 FHD

Spirit Puppets 灵偶

Thriller Mystery FHD 2023-03-29 2 0 Min

သဘင်ပညာသည်လေး ရှစ်ကျားဟာရုပ်သေးရုပ်တွေကို စူးစမ်းရတာ ကြိုက်တဲ့ ကောင်လေးတစ်ယောက်ဖြစ်ပြီးတစ်နေ့မှာတော့ သူဟာ ရုပ်သေးရုပ်လေးတစ်ရုပ်ကို အကြောင်းတိုက်ဆိုင်စွာနဲ့တွေ့ခဲ့ပါတယ်အဲ့ရုပ်သေးရုပ်လေးရဲ့ လက်ရာက အတော်ကိုမှရှားပါးတဲ့ လက်မှုပညာနဲ့လုပ်ထားတာဖြစ်လို့ ရုပ်သေးရုပ်တွေအကြောင်း နားလည်တဲ့သူ့အတွက် အတော်လေးကို နှစ်သက်ဖွယ်ဖြစ်နေပြီး အိမ်ကိုယူသွားခဲ့ပါတယ်အိမ်ကို ယူသွားတဲ့နေ့မှာပဲ သူဟာ သေဆုံးသွားခဲ့ပြီးရဲတွေကတော့ ဒါကို အဆုံးစီရင်မှုနဲ့ အမှုပိတ်ဖို့လုပ်လိုက်ပါတယ် အဲ့အချိန်မှာရှစ်ကျားကိုအရမ်းချစ်တဲ့ သူ့ဇနီးသည်ယွိပိက လက်မခံနိုင်ဘဲ စခန်းမှူးကိုအမှုမှန်ပေါ်ပေါက်အောင်လုပ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်စခန်းမှူးကတော့ ဒီအမှု အဆုံးစီရင်မှုအနေနဲ့ပဲဆက်သွားစေချင်ခဲ့ပါတယ် ယွိပိကို သနားသွားတဲ့ ရဲအရာရှိချောင်ကတော့ ဒီအမှုကို သူလွှဲယူခဲ့ပြီး ရှစ်ကျားရဲ့ သေဆုံးမှုကို သူ့ဇနီးနဲ့အတူ လိုက်လံစူးစမ်းခဲ့ရာမှာတော့ရုပ်သေးရုပ်လေးက လူသတ်ပါတယ်ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀နှစ်ကအရာရှိအိမ်တော်ရဲ့အဖြစ်အပျက်လေးဟာ ပြန်အသက်ဝင်လာခဲ့ပါတော့တယ်လူတွေရဲ့ကြိုးဆွဲရာကို ကရတဲ့ ရုပ်သေးရုပ်လေးက တကယ်ပဲ လူသတ်တာလား ….ဒီအမှုကရော လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းကလို ဝိညာဉ်ရုပ်သေးရုပ်‌ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရတာလား….ဆိုတာကိုတော့ စိတ်ဝင်စာဖို့‌ ကောင်းတဲ့ စိတ္တဇဆန်တဲ့ဒီဇာတ်ကားလေးမှာပဲ ကြည့်ရှုအဖြေရှာလိုက်ပါနော်