လူနာဆိုတဲ့ အမျိုးသမီးက တိရစ္ဆာန်တွေကို ကလီစာထုတ်ပြီးတော့ မပုပ်မသိုးပဲ အကောင်အတိုင်းလေးတွေ ပြန်လုပ်ယူရတာကို ကြိုက်နှစ်သက်တဲ့လူတစ်ယောက်။ တစ်ရက်သူအပြင်သွားနေတုန်း အဖြစ်အပျက်တစ်ခု ကြုံလိုက်ရတယ်။ စိတ္တဇလူသတ်သမားတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လိုက်သတ်နေတဲ့အချိန် မိန်းကလေးကခုခံကာကွယ်လိုက်လို့ လူသတ်သမား ဒဏ်ရာရသွားသလိုမိန်းကလေးလည်း အသတ်ခံလိုက်ရပါတယ်၊ ဒဏ်ရာကြောင့်လည်း မေ့လဲသွားပါတော့တယ်။ အဲဒါကို မြင်လိုက်ရတဲ့ လူနာတစ်ယောက် နှစ်ယောက်လုံးကို အိမ်ခေါ်လာပြီး မိန်းကလေးအလောင်းကို ဒီတိုင်းထားပြီး လူသတ်သမားကို ကြိုးတုပ်ထားကာ ဆေးပါ ပြန်ကုပေးထားပါတယ်။ ဒီလိုနဲ့ လူနာရဲ့ လူသတ်သမားကို ဖမ်းထားရခြင်းရဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ လူသတ်သမားကရောလူနာ့လက်ကနေ လွတ်မြောက်နိုင်မလား၊ နောက်ပြီး အဲဒီလိုဖြစ်နေတဲ့အချိန် လူနာ့ဆီလာမယ့်လူတွေကရော ဘာတွေဖြစ်ကြမလဲ စသဖြင့် ကြည့်ရှုခံစားရမယ့် အီတလီ သည်းထိတ်ရင်ဖိုကားပါ။