ဇာတ်လိုက်ဟာ အရက်စွဲနေတဲ့ တစ်ကိုယ်ရည်တစ်ကာယသမားတစ်ယောက်။ နာတာရှည်ဆေးရုံမှာတင်ထားရတဲ့ သူ့မိခင်ရဲ့ “ရက်၃၀တိတိ အရက်မသောက်ဘဲ နေနိုင်မှ အမေ့ကိုလာတွေ့ပါ” ဆိုတဲ့ စကားအရအရက်ဖြတ်ဖို့ ကြိုးစားနေတဲ့သူ။ဒီလိုနဲ့ တစ်ရက်မှာ လေလွင့် Husky ခွေးတစ်ကောင်နဲ့ ဆုံပါတယ်။ လေလွင့်လူနဲ့ လေလွင့်ခွေးရဲ့ကြားဆက်ဆံရေးက အစပိုင်းတော့ မရေမရာပါပဲ။မွန်တားနားပြည်နယ်ဟာစွတ်ဖားခွေးပြိုင်ပွဲတွေနဲ့ပတ်သတ်လို့ နာမည်ကြီးပါတယ်။ ဖြစ်ချင်တော့ ဒီ Husky လေးဟာ စွတ်ဖားခွေးဖြစ်နေနိုင်တယ်ဆိုတဲ့ အတွေးနဲ့ မြို့ထဲက စွတ်ဖားခွေးပြိုင်ပွဲကို ဝင်ပြိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်တခြားစွတ်ဖားခွေးတွေနဲ့ယှဉ်ရင် အရွယ်အစားအရ သေးငယ်လွန်းနေလို့ အထင်မြင်သေးခံရတာတွေနဲ့ စကြုံရပါတယ်။၂ယောက်သားကြား ဆက်နွယ်မှုလေးချိတ်မိသွားပြီးနောက် ကိုယ်စီပန်းတိုင်တွေဆီကို ဘယ်လိုလျှောက်လှမ်းကြမလဲ… ဇာတ်လိုက်ကရော သူ့အမေကို သွားတွေ့နိုင်မှာလား… ဆိုတာ ကြည့်ရှုလိုက်ကြပါဦးအရင်က သေချာမသိခဲ့တဲ့ စွတ်ဖားခွေးတွေအကြောင်းနဲ့ ခွေး ဆိုက်ကိုလိုဂျီအကြောင်းလည်း ဟောဒီ ခွေးနှစ်ဆိုတဲ့ ကားထဲမှာ အထိုက်အသင့်မြင်ရမှာပါ။ ခွေးချစ်ရင်တော့ လက်လွှတ်မခံပါနဲ့ ဒါပေမဲ့အရက်စွဲပြီး ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကိုမှ ဘုကလန့်လုပ်ချင်တဲ့သူမျိုးကို ကြည့်မရရင်တော့ ခွေးချစ်လည်း ဒီကားကို ကျော်သွားလိုက်ပါ။ မျက်ရည်မလွယ်ဘဲ သည်းခံနိုင်စွမ်းရှိမှ ခွေးလေးစွတ်ဖားဆွဲတာလာကြည့်ပါလို့။