ဒူအန်ဆိုတဲ့ Makyongရိုးရာအကအနုပညာရှင်တစ်ယောက်ဟာ ရန်ပွဲတစ်ခုမှာ ဝင်ပါမိတဲ့အတွက် မိဘတွေကနေ ကွာလာလမ်ပူကို ပို့လိုက်ပါတယ်။မြို့ကြီးပြကြီးမှာ သူငယ်ချင်းတွေနဲ့အတူတူ အလုပ်ပေါင်းစုံကိုလုပ်နေရပေမယ့်လည်း သူ့ရဲ့စိတ်ဝိညာဉ်ကတော့ Makyongအကထဲမှာပဲ ရှိနေပါတယ်။ ဒီလိုနဲ့တစ်နေ့မှာတော့ Makyongအကကို သုတေသနလုပ်ဖို့ဆိုပြီး ဒူအန်ဆီကို ကောင်မလေးတစ်ယောက်ရောက်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ ဒီကောင်မလေးရဲ့နောက်ကွယ်မှာ လျှို့ဝှက်ထားတဲ့အကြောင်းအရာတွေ အများကြီးရှိနေပါတယ်။ဒါတွေကို ဒူအန်တို့ ဘယ်လိုဖြေရှင်းပြီးဖော်ထုတ်ကြမလဲ။ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုကြရမှာဖြစ်ပါတယ်။