The Nightingale of Bursa FHD

The Nightingale of Bursa

Comedy Music FHD 2023-01-13 6.35 121 Min

ဆံပင်တုတစ်ခုကနေ စလိုက်တဲ့ ဇာတ်လမ်းပေါ့။ဆိုင်လေးတစ်ဆိုင်မှာ စန္ဒရားတီးပြီးဖျော်ဖြေတဲ့ ဂီတသမား ဂျန်ဂစ်ရဲ့အဖြစ်ချင်ဆုံးအိပ်မက်ကတော့ သူ့ကိုယ်ပိုင်သီချင်းခွေထုတ်ချင်တာပါတဲ့။ ဒီအိပ်မက်က ဂျန်ဂစ် လူလတ်ပိုင်းအရွယ်ရောက်တဲ့အထိမပြောင်းလဲပါဘူး။ တစ်နေ့ ဆိုင်မှာ စန္ဒရားတီးနေရင်း ဆံပင်တုကျွတ်ကျသွားပြီးဆံပင်တုကို ခွေးဆွဲသွားလို့ လိုက်ဖမ်းတာမှာ တေးရေးဆရာကြီးအိမ်ထဲကို ရောက်သွားပါတယ်။ အဲဒီမှာပဲ တေးရေးဆရာကြီးရဲ့ သားနဲ့သမီးနဲ့အတူ သူ့အိပ်မက်ကို ဘယ်လိုအကောင်အထည်ဖော်မလဲ။ ဂီတကိုပဲချစ်သူတော်ထားတဲ့ သူ့ဘဝထဲကို တေးသီငှက်လေး ဘယ်လိုဝင်ရောက်လာမလဲ။ တေးသီငှက်လေးကရော ဘယ်လမ်းကို ရွေးချယ်သွားမလဲဆိုတာကို မိသားစုနဲ့အတူ ကြည့်ရှုခံစားရင်း ဘဝအမောတွေ ခဏတစ်ဖြုတ်တော့ ပြေပျောက်နိုင်ပါစေဗျာ။