တယောက်နဲ့တယောက်ချစ်လို့ပဲဖြစ်ဖြစ် မိဘဆွေမျိုးအသိုင်းအဝိုင်းကပေးစားလိုက်လို့ပဲဖြစ်ဖြစ် အိမ်ထောင်တခုတည်ဆောက်ပြီးတဲ့အခါအဲဒီအိမ်ထောင်ရေးကို သာယာစွာနဲ့ဆက်လက်တည်မြဲစေဖို့ ဘာတွေလိုအပ်လဲ။အချစ်လား ငွေကြေးချမ်းသာမှု ဒါမှမဟုတ် အလုပ်အကိုင်တွေလားသားသားမီးမီးတွေလား။ပုံမှန်အချစ်ဇာတ်လမ်းတွေမှာတော့ လူနှစ်ယောက် ချစ်မိကြပြီးရင် ပျော်ပျော်ရွှင်ရွှင်လက်ထပ်လိုက်ကြပါတယ်ဆိုပြီးဇာတ်သိမ်းသွားတတ်ကြပေမယ့် ဒီဇာတ်လမ်းမှာတော့ အဲဒီလိုမဟုတ်ခဲ့ပါဘူး။ ဟရီရှီနဲ့ ရီချာဟာ တက္ကသိုလ်ကျောင်းတော်ကြီးမှာဆုံတွေ့ခဲ့ပြီး ချစ်ခဲ့ကြတယ်။ သမီးရည်းစားဘဝကို ဖြတ်သန်းပြီးကြတဲ့အခါမှာ အလုပ်ကိုယ်စီနဲ့အိမ်ထောင်တစ်ခုကိုထူထောင်ဖို့ လက်ထပ်ခဲ့ကြပါတယ်။ဒါပေမဲ့ ဒါဟာ သူတို့အတွက်တတော့ ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ပဲ ပြဿနာတွေရဲ့အစဖြစ်လာပါတယ်။အလုပ်ကိုယ်စီလုပ်နေကြတာကိုက ကွာရှင်းဖို့လမ်းစတစ်ခုဖြစ်လာပါတော့တယ်။ အရမ်းချစ်ခဲ့ကြတဲ့သူတို့တွေ ဒီအိမ်ထောင်ရေးကို တည်မြဲဖို့ကြိုးစားကြမှာလား။