ဇာတ်လမ်းလေးကတော့ နေသန် ဆိုတဲ့ မြို့မှာနေတဲ့ကောင်လေးက ကျေးလက်မှာနေတဲ့ သူ့အဖေရဲ့မွေးမြူးရေးခြံကို သွားပြီး အလုပ်လုပ်ဖို့အကြောင်းဖန်လာပါတော့တယ်။မြို့မှာ ကြော့ကြော့လေးနေတတ်တဲ့ မြို့သားလေး ကျေးလက်ကမွေးမြူးရေးခြံကို ရောက်တာနဲ့ အလွဲတွေကြီးပဲ စလုပ်ပါတော့တယ်။မြို့ကို အရမ်းပြန်ချင်တဲ့ကောင်လေးကို သူ့အဖေက ဒီမှာအလုပ်တစ်လလုပ်ပြီးမှ မြို့ကိုပြန်ရမယ်အလုပ်မလုပ်ရင်လုံး၀မပြန်ရဘူးလို့ ရာဇသံပေးလိုက်ပါတယ်။အဲလိုနဲ့အလွဲတွေလုပ်ရင်းလုပ်ရင်းလုပ်ရင်းနဲ့သူ့ကိုကူညီပေးတဲ့မွေးမြူရေးခြံမှာအလုပ်လုပ်တဲ့“ဆာရာ” ဆိုတဲ့ ကောင်မလေးနဲ့ ဖြည်းဖြည်းရင်းနှီးလာပြီး သူ့ကို စတင်သဘောကျလာပါတော့တယ်။အဲ့လိုနဲ့နေသန်တစ်ယောက် တစ်လအလုပ်လုပ်ပြီးပဲအိမ်ပြန်သွားမလား ။ကောင်မလေးနဲ့ရောအဆင်ပြေပါ့မလားဆိုတာကိုတော့ပရိတ်သတ်ကြီးပဲကြည့်ရှုခံစားလိုက်ပါ။မွေးမြူရေးခြံမှာနေတဲ့တစ်လအတွင်းဘယ်လိုအလွဲတွေလုပ်တယ်ဆိုတာကို ပျော်ပျော်ကြီးကြည့်ရမယ့်ခွီရမယ့်အပြင်ကျေးလက်မှာရိုက်ကူးထားတဲ့အတွက်သဘာ၀ရှုခင်းတွေကလဲအရမ်းကိုမှလှပပါတယ်။