The Kite Runner HD

The Kite Runner

Drama HD 2007-12-14 7.314 128 Min

လူတွဟာ ကိုယ့်ကိုယ်ကိုယ် အချစ်ဆုံးတဲ့။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုယ်ကိုယ်ထက် သူတပါးကို ပိုချစ်လိုက်မိရင် အရှုံးသမားလုံးလုံး ဖြစ်ရတာကြောင့်ပဲပေါ့။ အချစ်ဆိုတာ အသက်အရွယ်လိင်မခွဲခြားတတ်ပါဘူး။ လည်ပင်းဖက်ပေါင်းတယ်ဆိုတဲ့ ငယ်စဉ်တောင်ကျေး ကလေးဘဝက ကိုယ့်သူငယ်ချင်းဟာ နှလုံးသားတစ်တောင့်မှာတော့ အနက်ရှိုင်းဆုံး နေရာယူသွားတတ်ကြတယ်မဟုတ်လားဗျာ။ဒါကလည်း သူငယ်ချင်းအပေါ်ထားရတဲ့ သူငယ်ချင်းအချစ်ပေါ့။ကိုယ့်ကိုသိပ်ချစ်ပြီး ကိုယ့်အတွက် အစစအရာရာ အနစ်နာခံ၊ ကိုယ့်အတွက်ဆို မြေကြီးခဲကောက်စားရ ကောက်စားရ၊ စွန်ကလေးတစ်ခုအတွက် အစစ အရာရာစွန့်စားပေးဆပ်ပြီး ကိုယ့်အတွက်ပြန်ယူလာတဲ့သူငယ်ချင်းကိုမှ ကိုယ်က နှင်ထုတ်ရက်ရတာလား။အပြစ်ကို ရှောင်လွဲချင်စိတ်၊ ကိုယ့်ကိုယ်ကိုယ် သတ္တိကြောင်သူအဖြစ် အားမလိုအားမရစိတ်ကို ကိုယ်နိုင်တဲ့ဘက်ကို ဖောက်ခွဲခဲ့တဲ့ လူတွေထဲကလူယုတ်မာလေးတစ်ယောက်နဲ့၊ ကိုယ့်မျက်နှာကိုပဲ တကြည့်ကြည့်နေတတ်တဲ့ ချစ်တတ်သူလေးတို့ လောကတစ်ကွေ့မှာ တွေ့ဆုံခဲ့ဖူးသတဲ့။ဇာတ်လမ်းလေးက ရိုးရှင်းပါတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ရိုးသားဖြူစင်တဲ့မေတ္တာကို လူ့သဘာဝနဲ့ရောယှက်ပြီး တင်ပြသွားတာပါ။ ကောင်းမွန်တဲ့ ဝေဖန်ချက်တွေရခဲ့ပြီး ငွေကြေးအားဖြင့်လည်း မြတ်စွန်းခဲ့ပါတယ်။ အာဖကန်နစ်စတန်နိုင်ငံရဲ့မူစလင်ဇာတ်လမ်းလေးတစ်ပုဒ်ကို ဇာတ်နာနာနဲ့ ကြည့်ရမှာပါ။အမေရိကန်မှာ အသားကျနေတဲ့ လူရွယ်တစ်ယောက်ဆီကို ပါကစ်စတန်က ဦးလေးတစ်ယောက်က ဖုန်းဆက်ပြီးတာလီဘန်လက်အောက်ရောက်နေ‌တဲ့ ကာဘူးလ် ကို ပြန်လာခိုင်းပါတယ်။ လာခိုင်းတာကလည်း ကလေးတစ်ယောက်ကို မိဘမဲ့ကျောင်းက ကယ်ထုတ်နိုင်ဖို့ပါ။ အမေရိကန်ကနေ ပါကစ်စတန်၊ အဲဒီနောက်အာဖကန်နစ်စတန် ကာဘူးလ်အထိ ခရီးကြမ်းနှင်၊ အသက်အန္တရာယ်စွန့်ခဲ့တဲ့ အကြောင်းက ဘာကြောင့်လဲ။ ဘယ်သူတွေလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုရမှာပါ။စွန်ကလေးတွေ ကောင်းကင်မှာပျံဝဲနေတဲ့အချိန်မှာ လေနီကြမ်းဆင်လာတော့၊ စွန်ကလေးတွေ တကွဲတပြား လွင့်ထွက်ရခဲ့တယ်။ ဒါပေမဲ့ ကြည်လင်တဲ့ကောင်းကင်မှာ စွန်ကလေးတွေ တစ်နေ့ ပြန်ပြီး ပျံဝဲခွင့် ရဦးမှာပါလေ။