ကမ်းကုန်အောင် ပေတေလေလွင့်နေသားတစ်ယောက်ကို အိမ်ဟာဘယ်တော့မှ ကျောခိုင်းမသွားခဲ့ဘူး။ “နေ့စဉ်မှာပိုက်ဆံထွက်မြဲ ရှာတော့မလွယ်” သူ့စီးကရက်ဖိုး သူမလောက်လို့ လက်ဖြန့်တဲ့အခါလည်းဘယ်တော့မှ အဲဒီလက်ဟာ ဗလာမဖြစ်ခဲ့ဘူး။ မမြင်ပေသေချာနေတဲ့လူပေလူတေလေးရဲ့ ရှုပ်ပွနေတဲ့အခန်းကျဉ်းလေးကိုလည်း မမေ့ခဲ့ဘူး။ငါ့ရဲ့ခွင့်လွှတ်လို့မရတဲ့အမှားကိုလည်း အဲဒီကမ္ဘာမှာ ငါရှာမတွေ့နိုင်ခဲ့တော့အမှားများစွာကြား နေသားကျလာခြင်းဟာလည်း ငါယုံကြည်နေတဲ့ လူဆန်တဲ့ကမ္ဘာ။“ဝေးခဲ့သူမို့ ” ငါတို့ရဲ့အချစ်တို့ကိုလည်း ငါတို့ရဲ့အပြုံးလို့ ကောင်းချီးပေးပိုခမ်းနားစေတဲ့အခါ… အခုလိုသိခြင်းနဲ့မဟုတ်ဘဲ ရင်နဲ့နားလည်နိုင်တဲ့အခါ… အဲဒီအခါ ငါနှောင်းသွားမလား။ တကယ်တမ်းသာဆို အဲဒီအချစ်ဟာငါရေစုန်မျှောချင်ခဲ့တဲ့ ဘဝပေါ့။ ဘယ်တော့မှ လိမ္မာမလာနိုင်တဲ့ငါ အဖြေမရနိုင်မှာကိုလည်း သေချာနေခဲ့ခြင်းတွေ။ “အရိပ်စစ်”ရဲ့အတိတ်ဟာာအမြဲအသစ်ပဲ။ ဘယ်အရာတွေဘယ်လိုနေမယ် မသေချာနေလည်း ဘယ်လိုပဲ ကွေ့ကောက်စီးစီးပေါ့ ဘယ်တော့မှ နောက်ပြန်မစီးနိုင်တဲ့ အဲဒီမြစ်တွေ…။