Mrs Undercoverဇာတ်ကားမှာတော့Common manဆိုတဲ့ အဖွဲ့အစည်းတစ်ခုက နိုင်ငံတစ်ဝန်းက အောင်မြင်တဲ့အမျိုးသမီးတွေကို လိုက်လံသတ်ဖြတ်နေပြီး အိန္ဒိယမှာလဲ အောင်မြင်နာမည်ကြီးတဲ့အမျိုးသမီးတွေရက်ရက်စက်စက်အသတ်ဖြတ်ခံနေရပါတယ်။တရားခံကို ဖမ်းဖို့အတွက် အထူးတပ်ဖွဲ့ကို တာဝန်ပေးခဲ့ပေမဲ့Common manအဖွဲ့အစည်းက အေးဂျင့်တွေအကုန်လုံးကို သတ်ဖြတ်လိုက်တာကြောင့် အာဏာပိုင်တွေလဲတာဝန်ပေးစရာအေးဂျင့်မရှိဖြစ်နေခဲ့တယ်။အဲ့အချိန်မှာ သူတို့မေ့နေခဲ့တဲ့ အေးဂျင့်တစ်ယောက်ကို သတိရသွားတယ်။Durgaတစ်ယောက်က Undercover Agentတစ်ယောက်ဖြစ်ပေမဲ့အေဂျင်စီရဲ့ခိုင်းစေမှုကြောင့် အိမ်ထောင်ပြုကာ ကလေးမွေးပြီးတော့ ၁၂နှစ်ကျော်လောက် အိမ်ရှင်မဘဝမှာ ရှင်သန်နေခဲ့ရတယ်။ရုတ်တရတ်ကြီးအေဂျင်စီက Durgaကို အရေးကြီးပြီးအန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို တာဝန်ပေးလိုက်တဲ့အချိန်မှာတော့Durgaတစ်ယောက် မစ်ရှင်ကိုလဲ ဆောင်ရွက်ပြီးတော့ မိသားစုကလဲ သူမ Undercover Agentမှန်းမသိသွားအောင်ဖုံးကွယ်ထားဖို့ ကြိုးစားရပါတော့တယ်။ Undercover Agent Durgaတစ်ယောက် Common manအဖွဲ့အစည်းကို ဖမ်းဆီးနိုင်ပါ့မလား။သူမရဲ့Undercoverဘဝဖြစ်တဲ့ သူမမိသားစုကိုလဲ မပျက်စီးသွားအောင် ကာကွယ်နိုင်ပါ့မလားဆိုတာကို ကြည့်ရှူကြပါအုံး။