N4 HD

N4

Action Thriller HD 2023-03-24 9 142 Min

N4ဇာတ်ကားမှာတော့ Kannamanဆိုတဲ့အဖွားအိုတစ်ဦးဟာ မိဘမဲ့ကလေးလေးယောက်ဖြစ်တဲ့ Sundayan,Sura,Karthi,Abiတို့လေးယောက်ကို ငါးဖမ်းရောင်းချတဲ့ပင်လယ်ကမ်းစပ်ရွာလေးမှာအရွယ်ရောက်တဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တာဖြစ်တယ်။ဒီကလေး၄ယောက်ကလဲ သွေးမတော်ကြပေမဲ့အချင်းချင်းစည်းလုံးကြတဲ့လူတွေဖြစ်ပြီး Karthiနဲ့Abiတို့ကတော့ ချစ်ကြိုက်နေပြီး လက်ထပ်ဖို့ပြင်ဆင်နေကြတယ်။တစ်နေ့မှာတော့လေးယောက်သား ရုပ်ရှင်သွားကြည့်ပြီးအပြန်မှာ ဘယ်ကပစ်လိုက်မှန်းမသိတဲ့ ကျည်ဆံတစ်ခုကAbiကိုထိမှန်သွားခဲ့တယ်။Abiတစ်ယောက် ဆေးရုံမှာ အသက်လုနေချိန်မှာ ရဲ‌မေFatimaကလဲ တရားခံကိုရှာဖွေနေသူဖြစ်ပါတယ်။Fatimaက ဖြောင့်မတ်တဲ့ရဲဖြစ်ပေမဲ့ သားဖြစ်သူကို ခွဲစိတ်ကုသပေးဖို့ ငွေလိုအပ်နေခဲ့တယ်။အဲ့အချိန်မှာဘဲ Abiကိုပစ်သွားတဲ့ သူဌေးသားရှေ့နေက အမှုကိုဖုံးကွယ်ပေးရင် Fatimaလိုအပ်နေတဲ့ငွေကိုပေးမယ်လို့ ကမ်းလှမ်းလာခဲ့တယ်။Fatimaတစ်ယောက် ဒီငွေကိုလက်ခံလိုက်ပြီး အမှုကိုဖုံးကွယ်လိုက်မလား။Abiအသက်ကိုကယ်တင်ဖို့ Karthiတို့မိသားစုဘယ်လိုကြိုးစားကြမလဲဆိုတာကို ကြည့်ရှူကြပါအုံး။