ဇာတ်ကြမ်းကားတွေ၊ အက်ရှင်ကားတွေကြိုက်တဲ့သူဆိုရင် “Kabzaa” ဆိုတဲ့ ဒီကားလေးကိုတော့ လက်လွှတ်မခံသင့်ပါဘူးနော် ၁၉၄၇ ခုနှစ်လောက်မှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ အဲဒီအချိန်ဟာ လွတ်လပ်ရေးကြိုးပမ်းသူတွေနဲ့ ဂန္ဒီကြီးရဲ့နောက်လိုက်တွေ ရက်ရက်စက်စက်သုတ်သင်ခံနေရတဲ့အချိန်လည်းဖြစ်ပါတယ် ဒီမှာဆိုရင် ဆန်ကတ်ရှ်ဝါရာနဲ့ အာကတ်ရှ်ဝါရာတို့ညီအစ်ကိုနှစ်ယောက်ဟာ လွတ်လပ်ရေးကြိုးပမ်းသူဖခင်ကြီးရက်စက်စွာ အသတ်ဖြတ်ခံလိုက်ရပြီးတဲ့နောက်မှာမိခင်နဲ့အတူ အိန္ဒိယတောင်ပိုင်းမှာဘဝကြီးကို ရုန်းကန်ရင်းအခြေချနေကြတာပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်တွေကြာပြီးညီအစ်ကိုနှစ်ယောက်အရွယ်ရောက်လာတဲ့အခါ အစ်ကိုဖြစ်သူက မိသားစုကိုတာဝန်ယူပြီး ညီဖြစ်သူကတော့ လေတပ်မှူးအဖြစ်ရဲတပ်ဖွဲ့ထဲကိုဝင်သွားခဲ့ပါတယ် ဒီလိုနဲ့တစ်ရက်မှာတော့ အာကတ်ရှ်ဝါရာဟာ ပိတ်ရက်တိုရတော့ သူ့အစ်ကိုတို့ရှိတဲ့အမရပူရမ်ကိုပြန်လာခဲ့ပါတယ် ဒီခရီးက အာကတ်ရှ်ဝါရာရဲ့ဘဝကို ဘယ်လိုပြောင်းလဲသွားစေခဲ့လဲ၊ လွတ်လပ်ရေးကြိုးပမ်းသူရဲ့သားဖြစ်တဲ့ အာကတ်ရှ်ဝါရာကိုလူမိုက်ဖြစ်သွားစေတဲ့အထိ တွန်းပို့ခဲ့တဲ့ဖိအားတွေက ဘာတွေလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်