The New Boy HD

The New Boy

Drama HD 2023-07-06 6 116 Min

ဒါရိုက်တာ Warwick Thornton ရဲ့ လက်ရာဖြစ်ပြီး မင်းသမီးကြီး ကိတ် ဘလန်းချက်က သီလရှင်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ကာလကို အခြေခံထားပြီး ဩစတြေးလျတောင်ပိုင်းရဲ့ အလှအပတွေနဲ့ ခရစ်ယာန်ဘာသာရေးနဲ့ မူရင်း ဒေသခံ အဘိုရီဂျီနယ်မျိုးနွယ်တွေရဲ့ယုံကြည်မှု လွန်ဆဲပုံကို သရုပ်ဖော်ထားတာပါ။ ဒါရိုက်တာ Warwick Thorntonဟာ ဘာသာရေးဆက်နွယ်ပြီး တွေးစရာတွေပေးတဲ့ လေးနက်တဲ့ ကားမျိုးတွေကို ရိုက်တတ်တဲ့သူမို့ ဒီရုပ်ရှင်ဟာလည်း လွန်ခဲ့တဲ့ ၁၈ နှစ်လောက်ကတည်းက သူကိုယ်တိုင်ဇာတ်ညွှန်းရေးခဲ့တာဖြစ်ပြီး ကိတ်ဘလန်းချက်နဲ့စကားပြောရင် သူရိုက်ချင်တယ်ဆိုလို့ ဖြစ်မြောက်လာခဲ့တာပါ။ ဩစတြေးလျ တောင်ပိုင်းက လူသူမနီးတဲ့ ခရစ်ယာန်ကျောင်းတစ်ကျောင်းမှာမိဘမဲ့ ကောင်လေးတွေ အများကြီးကို စစ္စတာအိုင်လင်းဆိုတဲ့ သီလရှင်ကစောင့်ရှောက်ထားပါတယ်။ အဲဒီဘုရားကျောင်းကို တကယ်ဦးစီးသူက ဒွန်ပီတာ ဆိုတဲ့လူဖြစ်ပြီး သူသေသွားတာ တစ်နှစ်ကျော်တာတောင် စစ္စတာအိုင်လင်းတို့က ဖုံးကွယ်ထားပြီး သူရှိသေးသယောင်နဲ့ ဘုရားကျောင်းကို ဆက်ဦးစီးနေခဲ့တာပါ။ တစ်နေ့မှာတော့ အဲဒီကျောင်းကို ဒေသခံမျိုးနွယ် အဘိုရီဂျီနယ်အနွယ်ဝင်ကောင်လေးအသစ်တစ်ယောက်ရောက်လာပါတယ်။ ဒေသခံတွေဟာ ဘုရားသခင်ကို ယုံကြည်သူတွေမဟုတ်ဘဲ သဘာဝတရားနဲ့ ဘိုးဘေးဝိညာဉ်တွေကို ကိုးကွယ်တဲ့သူတွေပါ။အဲဒီကောင်လေးကလည်း ထူးဆန်းတဲ့အစွမ်းတစ်ခုပါလာပြီး အဲဒီအစွမ်းဟာမျိုးနွယ်ယုံကြည်မှုကလာသလား ဘုရားသခင်နဲ့ဆိုင်သလားဆိုတာကို ပဟေဠိဖြစ်အောင်ပြထားပါတယ်။ အဲဒီထူးဆန်းတဲ့အချက်နဲ့အတူ ကလေးငယ်တွေရဲ့ရိုးသားမှုတွေ စူးစမ်းလိုစိတ်တွေကို ပြသထားပြီး ကြည့်ပြီးရင် ကိုယ့်ဘာသာအဓိပ္ပါယ်ဖော်ကြည့်ရမဲ့ ရုပ်ရှင်အမျိုးအစားတစ်ခုပဲ ဖြစ်ပါတယ်။