A Day in Tongyeong HD

A Day in Tongyeong

Drama HD 2022-11-24 5 0 Min

ဘဝမှာ အဖြေရှာမရတဲ့ အကြောင်းပြချက်တွေကြောင့် ဘာလုပ်လုပ် အဆင်မပြေ‌ဘဲ အရည်အချင်းမရှိတော့တဲ့ လူတစ်ယောက်လို ခံစားလာရတဲ့ နေ့ရက်တွေနဲ့ ကြုံလာရတတ်ပါတယ်။ တစ်ချိန်က ထိပ်ဆုံးထိ တက်လှမ်းနိုင်ခဲ့ပြီး အမှတ်တရ‌ကောင်းတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာအရာရာဟာ ကိုယ်ကြိုးစားပေးဆပ်ထားတာနဲ့မတန်အောင် ကမောက်ကမဖြစ်လာတဲ့အခါ မွန်းကြပ်မှုတွေထဲကရုန်းထွက်ဖို့ စိတ်ထွက်ပေါက်ဆိုတာလိုအပ်လာပါတော့တယ်။တစ်ခါတစ်လေမှာ မပြောပလောက်တဲ့ အရာလေးတွေက ကိုယ့်အတွက်စိတ်ခွန်အားနဲ့ ဆက်လက်ပြေးလွှားနိုင်မယ့် အားအင်တစ်ခုဖြစ်ပေးနိုင်တာကြောင့်ပါ။တော်ရာမှာနေပြီး မပျော်ရဘဲ စိတ်ဒုက္ခရောက်နေကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ဒါကြောင့်ပျော်ရာမှာ တော်အောင်နေတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ဒီဇာတ်ကားလေးထဲမှာတော့ ဟီယွန်းဟာ ပျော်ရွှင်ခြင်းနေ့ရက်တွေကိုပျောက်ဆုံးလာတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး အရင်က လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူဆောင်းဆွန်းရဲ့ ဇာတိမြေကို ခဏတာ သွားရောက်လည်ပတ်ရင်းဟီယွန်းနဲ့ ဆောင်းဆွန်းတို့ရဲ့ မတူညီတဲ့ ဘဝနှစ်ခုကို ပြသသွားမှာဖြစ်ပါတယ်။ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ အရာကို ကိုယ်တိုင်အသိဆုံးဖြစ်တာကြောင့် လွှတ်ချသင့်တဲ့အရာကိုလွှတ်ချပြီး ရှင်သန်နေရတဲ့ အချိန်‌လေးအတွင်းမှာပျော်ရာမှာ ကြိုးစားနေထိုင်သင့်ကြောင်းကိုလည်းရိုက်ကူးပြသထားပါသေးတယ်။လုပ်သလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမလုပ်ဘဲစိတ်ကို အစာကျွေး၊အနားပေးပြီးမှ ခြေလှမ်းသစ်တွေနဲ့ အကောင်းဆုံး ပြန်လည်စတင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးကနေလည်း သင်ခန်းစာတစ်ခု ရယူနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်..