A Little White Lie HD

A Little White Lie

Comedy HD 2023-03-03 5.4 101 Min

လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်က စာပေလောကကို တုန်လှုပ်စေခဲ့တဲ့ဝတ္ထုတစ်အုပ်ထွက်ပြီး လူလုံးထွက်မပြတဲ့ စာရေးဆရာ ရှရိုက်ဗာဆိုတာ ရှိခဲ့ပါတယ်။ အမျိုးသားစာပေဆုကို သမ္မတကပေးတာတောင်တက်မယူဘဲနဲ့ပေါ့။ ဒီလိုနဲ့ သူကတော့ တစ်အုပ်ထွက်ပြီး ပျောက်ကွယ်သွားခဲ့တယ်။ အခုလက်ရှိမှာတော့ တက္ကသိုလ်စာပေပွဲတော်လုပ်ဖို့ပရော်ဖက်ဆာကလီရီတို့တသိုက် ခေါင်းကိုက်နေကြတယ်။ ဘာလို့လဲဆိုတော့ ဘုတ်အဖွဲ့က ဘတ်ဂျတ်ချမပေးတော့ဘူးဆိုတော့။ အဲဒီမှာကလီရီက ရှရိုက်ဗာကို ရအောင်ရှာပြီး သူတို့စာပေပွဲတော်ကို ဖိတ်တယ်၊သူသာတက်ရောက်မယ်ဆို ဒီပွဲတော်က ဆက်လက်ပြီး လူတွေကိုဆွဲဆောင် အသက်ဆက်နိုင်တော့မှာကိုး။အဲဒီမှာ တစ်ဖက်မှာ ဆက်သွယ်ခံရတဲ့ ရှရိုက်ဗာက စာရေးတာကိုမပြောနဲ့တစ်ရက်တစ်ရက် သူများခိုင်းသမျှလုပ်ပြီး၊ မျက်နှာကြက်ရေယိုတာကိုကြောင်လေးကိုပိုက်ပြီး အိပ်ရာပေါ်ကနေ ကြည့်တတ်တဲ့ အထီးကျန်အရက်သမားတစ်ယောက်။ ဒါပေမဲ့ ဘေးနားက ဘော်ဒါက ဟန်ဆောင်ပြီးသွားတက်ရင် ဆုတွေရမှာဘာညာနဲ့ ဂျင်းထည့်ပြီး မြှောက်ပေးလိုက်တော့ဒီပွဲတော်ကို သွားပြီး ဟန်ဆောင်တက်ရောက်ဖို့ ဖြစ်လာတယ်။ အဲဒါနဲ့ဒီပွဲတော်သုံးရက်ကာလမှာ ရှရိုက်ဗာတစ်ယောက် လူတွေကို ဘယ်လိုလှည့်စားနိုင်မလဲ၊ အလိမ်အညာတွေ ပေါ်သွားမလား၊ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို ဟာသဆန်ဆန် စာပေဆန်စွာနဲ့ တင်ဆက်ထားတဲ့ စာပေလောကအလွဲအမှားတွေအကြောင်းရိုက်ကူးသွားတဲ့ ဟာသဒရမ်မာဇာတ်ကားသစ်လေးပါ။အဓိကသရုပ်ဆောင်ကြီးကတော့ ကျွန်တော်တို့ Superman ကြီးရဲ့ GeneralZod အဖြစ် သရုပ်ဆောင်ထားတဲ့ Michael Shannon ဖြစ်ပြီး အူတိအူကြောင်ဂွကျကျပုံစံမျိုး ပိုင်နိုင်စွာ သရုပ်ဆောင်ထားတာကို တွေ့ရမှာပါ။ မင်းသမီးနေရာက Kate Hudson ဆိုလည်း အသက်ကြီးပေမယ့် မပျက်စီးသေးတဲ့အလှတရားတွေနဲ့ ပါဝင်သရုပ်ဖော်ပေးထားပါသေးတယ်။