Sisters on the Run FHD

Sisters on the Run

Drama Thriller TV Movie FHD 2023-03-23 8.3 88 Min

ဇာတ်လမ်းစစချင်းမှာပဲ Selma က abusiveဖြစ်တဲ့ သူ့ယောကျ်ားရဲကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်။ သူ့ယောကျ်ားရဲ့ နောက်လိုက်နှစ်ယောက် သူ့နောက်မလိုက်ခင် ထွက်ပြေးပြီး သူ့အစ်မ Maddyအိမ်မှာ တည်းခွင့်သွားတောင်းပါတယ်။ ဖြစ်ချင်တော့ Selmaနဲ့ Maddyက သူတို့အမေဆုံးကတည်းက ကွဲသွားပြီး စကားမပြောဖြစ်ကြတော့ဘူး။ အကျင့်စရိုက်ချင်းကလည်း ဆန့်ကျင်ဘက်မို့ မတည့်ကြပါဘူး။Selmaက ပါတီတက်၊ ပစ္စည်းတွေ လိုက်ခိုးနဲ့ အပေအတေကောင်မလေးဖြစ်ခဲ့တာ။ သူ့အစ်မ Maddyကတော့ စည်းကမ်းရှိပြီး ဂုဏ်သရေရှိတဲ့လူကြီးလူကောင်းပုံစံ နေတာပေါ့။ညီအစ်မနှစ်ယောက်က ယောကျ်ားရကံချင်းလည်း ကွာတယ်။ အစ်မMaddyက အဆင်ပြေတဲ့ ယောကျ်ားကောင်းရပြီး အေးဆေးနေနိုင်ပေမဲ့Selmaကတော့ ရဲနဲ့ယူပြီး အဲ့ရဲက မှူးယစ်ဆေးမှောင်ခိုဂိုဏ်းရဲ့ ခေါင်းဆောင်ဖြစ်နေ​တဲ့အပြင် Psychoဆန်ဆန် သူ့ကိုနှိပ်စက်တတ်လို့ အမြဲတမ်း ဒုက္ခခံခဲ့ရတာပါ။ Selma သူ့ယောကျ်ားကို ပစ်ပြီး ထွက်ပြေးတော့Maddy အစက လက်မခံခဲ့ဘူး။ ဒါပေမဲ့ သွေးက စကားပြောတယ်လေ။Selma သူ့ယောကျ်ားကိုသတ်ပြီး ထွက်ပြေးခဲ့မှန်းအဖြစ်မှန်ကို မသိသေးတာတောင် သူ့ညီမ အကူအညီလိုနေမယ်မှန်းသိလို့ နောက်ပိုင်းမှာ Maddyက Selmaကို သူ့အိမ်မှာ ခဏနေခွင့်ပေးလိုက်တယ်။အဲအချိန်မှာပဲ Selma နောက် လိုက်နေတဲ့ ရဲဆိုးတွေ အိမ်ကိုဖောက်ပြီးလာသောင်းကျန်းတော့ Selmaရော ဘာမှမသိတဲ့ Maddyပါ အတူထွက်ပြေးခဲ့ရတယ်။ အဲလိုနဲ့ Selmaနဲ့ Maddyကို ဝရန်းထုတ်ခံရပြီး သတင်းတွေမှာသူတို့မျက်နှာတွေအကုန် ပြန့်သွားတာပေါ့။ ဒီတော့ သူတို့ညီအစ်မ ဒုက္ခအကြီးအကျယ် ဘယ်လိုတွေရောက်လဲဆိုတာ ဒီဇာတ်လမ်းမှာ ဆက်ကြည့်လိုက်ပါဦးနော်…။ Selmaနဲ့ Maddyရဲ့ ဘဝအခက်အခဲတွေ၊ အဓိကကတော့ညီအစ်မနှစ်ယောက်က အချင်းချင်းမတည့်ပေမဲ့ အကူအညီလိုတဲ့အခါမှာတော့တစ်ယောက်ဘေးတစ်ယောက်ရှိပေးကြတဲ့ ညီအစ်မချစ်ခြင်းတွေကို ပုံပေါ်အောင် ရိုက်ကူးထားတဲ့ Crime, Thriller ဇာတ်လမ်းကောင်းပဲဖြစ်ပါတယ်။