ခုနောက်ပိုင်းခေတ်ရဲ့ ဂျာမန်စစ်ကားကောင်း ဖြစ်မယ်ဆိုဒီကားကလည်း ၉၀ ခုနှစ်ရဲ့ အကောင်းဆုံးဖြစ်မှာ ဧကန်မလွဲဘူးဗျာ။သတိထားကြည့်မိသလောက် ဂျာမန်တွေက စစ်ကားကောင်းကောင်းတွေပိုင်ပိုင်နိုင်နိုင် ရိုက်နိုင်ကြတာကို တွေ့ရတယ်ဥပမာ Downfall တို့ ခု Stalingrad တို့ Land of Mine တို့ All quiet.. တို့လိုမျိုးတွေပေါ့။ပြီးတော့ သဘောကျစရာကောင်းတာက အမေရိကန်တွေလိုမျိုးစစ်စိတ်ဘာညာ ဝါဒဖြန့်တဲ့ပုံစံမျိုး မသွားဘူးစစ်ပွဲတစ်ခုရဲ့ အနိဌာရုံတွေကို ပညာပေးချင်တာမျိုး ပိုများတယ်(သူတို့ကိုယ်တိုင် လူဆိုးဖြစ်ခဲ့တာလည်း ပါမှာပေါ့လေ)။ဒီရုပ်ရှင်အခြေခံထားတဲ့ စတာလင်ဂတ်တိုက်ပွဲဆိုတာဒုတိယကမ္ဘာစစ်ကြီးရဲ့ ၁၉၄၂ ခုနှစ်ဝန်းကျင် အဓိကတိုက်ပွဲထဲက တစ်ခုပဲလူတွေသန်းပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရတာပေါ့စတာဂတ်မြို့ကို ပတ်စီးဆင်းနေတဲ့ ဗော့ဂါမြစ်ရယ်ဆီကွင်းတွေကို ထိန်းချုပ်ချင်တာနဲ့ ဒီစစ်ဆင်ရေးပေါ်ပေါက်ခဲ့ရတာပါ။ဇာတ်လမ်းထဲမှာတော့ ရှေ့တန်းကို ပထမဆုံးထွက်ရမယ့်ဗိုလ်ကြီးဝစ်ဇ်လန်က အာဖရိကစစ်မျက်နှာပြင်က ပြန်လာတဲ့လူတွေကိုဦးစီးပြီး မုန်တိုင်းတပ်သားတွေအဖြစ် စတာလင်ဂတ်ကိုချီတက်သိမ်းပိုက်ကြတဲ့အကြောင်းပါ။ပထမပိုင်းမှာဆို အတွေ့အကြုံမရှိတဲ့ ဗိုလ်ကြီးနဲ့ တပည့်တွေရဲ့ အခြေအနေကိုပေါ့ပေါ့ပါးပါး ပြသွားတယ်၊ နောက်ပြီး တကယ်ကြုံလာတော့ဒီဗိုလ်ကြီးက ဘယ်လိုပါလားဆိုတာကို မြင်လိုက်ရတော့တပည့်တွေလည်း ကြည်ညိုလေးစားသွားကြရော။စစ်တပ်ရဲ့ တစ်သွေးတစ်သံအမိန့်ဆိုတာမျိုးတွေကိုဒီထဲမှာကောင်းကောင်းမြင်ရပြီး ဒီလိုအရာကြောင့်ပဲ ကိုယ့်စစ်တပ်မှာပဲကိုယ်က အကျဉ်းသားဘဝရောက်ခဲ့ရတာတွေသေကောင်ပေါင်းလဲ ရုန်းကန်ခဲ့ရတာတွေ။အထက်ကလူကြီးကောင်းမှုကြောင့် အသေအလဲတွေစစ်တိုက်ရပြီးလူသားမဆန်မှုတွေ ကြုံရတော့ မခံချင်စိတ်နဲ့ စစ်ပြေးဘဝရောက်ပြီးဆိုဗီယက်နယ်မြေထဲမှာ ခက်ခက်ခဲခဲတွေ ဖြတ်သန်းပြီးအသက်စွန့်ရတာတွေ။အစပိုင်း ရာသီဥတုသာလို့ တိုက်ပွဲက အသာစီးရပေမယ့်ဆရာသမား ရုရှားတို့ရဲ့ဆောင်းတွင်း ရောက်လာတဲ့အခါချိန်ခွင်တစ်ဖက်ပြောင်းသွားတာတွေ စသဖြင့် သံဝေဂရစရာတွေနဲ့ စုံစုံလင်လင်ဖော်ပြတင်ဆက်ထားတဲ့ စစ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။