ရှန်နုံရတနာသေတ္တာဟာ “ထာဝရရှင်သန်ခြင်းရဲ့ တံခါးဝ”လို့ ဒဏ္ဍာရီတွင်တဲ့အမတဆေးနဲ့ဆက်နွှယ်နေတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ရတနာတစ်ခုဖြစ်ပါသတဲ့။ဒီလျှို့ဝှက်ချက်ကို သိတဲ့လူအနည်းကျဉ်းသာရှိပေမဲ့ အဲ့ဒီထဲမှ “မုဖုန်းချန်”ဆိုသူဟာထိုရတနာကိုမျက်စိကျပြီး သိမ်းပိုက်ဖို့ကြိုးစားပါတော့တယ်၊ရှေးဟောင်းအစဉ်လာဒဏ္ဍာရီလျှို့ဝှက်ချက်တွေကို ထိန်းသိမ်းတဲ့နေရာတစ်ခုဖြစ်တဲ့ယန်ဟွမ်ခန်းမက မော့ရွှမ်နဲ့ချန်ရွှင်တို့ဟာလည်း ထိုနတ်ပစ္စည်းရတနာကိုမသမာသူလက်ထဲမကျရောက်အောင် တာဝန်အရ အမြန်ရှာဖွေပါတော့တယ်။တကယ်တမ်းမှာတော့ ရှန်နုံရတနာသေတ္တာဟာ စစ်ဦးစီးချုပ်”ကျန်းချန်ဇစ်”လက်ထဲရောက်နေပါတော့တယ်၊ဒါပေမဲ့ ကျန်းချန်ဇစ်ဟာ ရှန်နုံရတနာသေတ္တာဟာဘာမှန်းမသိခဲ့ပါဘူး။ဒီလိုနဲ့ ရတနာရှိရာကို လောဘရဲ့သားကောင်တွေ ပစ်မှတ်ထားလာတဲ့အခါ…∆ရန်သူရဲ့ရန်သူဟာ သူငယ်ချင်းဖြစ်တတ်တယ်ဆိုတဲ့အတိုင်းကျန်းချန်ဇစ်၊ချန်ရွှင်နဲ့ မော့ရွှမ်တို့သုံးယောက် ရှန်နုံရတနာကို ဘယ်လိုတွေဆက်ရှာဖွေသွားမလဲ…∆အရာအားလုံး ပုံရိပ်ယောင်တွေပြည့်နှက်နေတဲ့ နယ်နိမိတ်ကြီးမှာသူတို့သုံးယောက်ကရော အစစ်မှန်ဖြစ်ပါ့မလား…အားလုံးရဲ့အရင်းမြစ်ဖြစ်တဲ့ ရှန်နုံရတနာသေတ္တာနဲ့အမတဆေးနောက်ကွယ်မှာရော ဘယ်လိုဇာတ်လမ်းတွေရှိနေမလဲ…ဘယ်လိုအန္တရာယ်တွေကိုရင်ဝယ်ပိုက်ပြီး နောက်ဆုံးမှာအမတဆေးဟာ ဘယ်သူ့လက်ထဲကိုပဲရောက်ရှိသွားလေမလဲ…..ဆိုတဲ့အံ့ဖွယ်ဆန်းကြယ်ဖြစ်ရပ်တွေနဲ့စိတ်ဝင်စားစွာကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်လို့ CMကနေ တင်ဆက်ပေးလိုက်ရပါတယ်ရှင့်။