ဒါရိုက်တာ Kim Hunရိုက်ကူးပြီး သရုပ်ဆောင် Kim Tae Hoon,Shin Won Ho, Choi Jae Sung တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့BL Romance Dramaဖြစ်ပါတယ်..ဇာတ်လမ်းအကျဥ်းကတော့ မြောက်ကိုရီးယားစစ်တပ်က စစ်သားတွေဖြစ်တဲ့ယောင်းဂျွန်းနဲ့ ဂျယ်ဆောင်းတို့ ချစ်ကြိုးသွယ်နေစဥ်မှာပဲ အထက်လူကြီးကသိသွားခဲ့တာကြောင့် ယောင်းဂျွန်းတစ်ယောက် တောင်ပိုင်းကို ထွက်ပြေးလာခဲ့ပါတယ် အဲဒီနောက်မှာ ထယ်ဂယူဆိုတဲ့ သဝန်အရမ်းတိုတတ်တဲ့ ခပ်ဆိုးဆိုးကောင်လေးနဲ့ တွေ့ပြီး ချစ်မိသွားကြပါတယ် ယောင်းဂျွန်းက ထယ်ဂယူဆိုးသမျှ သည်းခံပြီးထယ်ဂယူရှာသမျှ ပြဿနာတွေကို လိုက်ဖြေရှင်းပေးရင်း ဒုက္ခများခဲ့ပါတယ်နှစ်နှစ်ကြာပြီးတဲ့နောက်မှာ ဂျယ်ဆောင်းတစ်ယောက် တောင်ပိုင်းကို ထွက်ပြေးပြီး ယောင်းဂျွန်းကို လိုက်ရှာပါတော့တယ် ယောင်းဂျွန်းနဲ့ တွေ့ပြီးနောက်ပိုင်းထယ်ဂယူရဲ့ အထင်လွဲမှုတွေ ဖြစ်ပေါ်လာခဲ့သလို ယောင်းဂျွန်းမှာလည်းငွေကြေးအခက်အခဲတစ်ချို့ ဖြစ်လာခဲ့ပါတယ် ဒီပြဿနာတွေကို ယောင်းဂျွန်းတစ်ယောက် ဘယ်လိုဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှူခံစားပေးကြပါဦး