Side Seeing HD

Side Seeing

Comedy Romance HD 2022-07-22 8.3 89 Min

ဖန်ဂဲလ်တစ်ယောက်အတွက်တော့ သူချစ်ရတဲ့အိုင်ဒေါလ်ကို အပြင်မှာ ရင်းရင်းနှီးနှီးတွေ့ခွင့်ရတဲ့အခွင့်အရေးက သူ့ဘဝအတွက် အထူးခြားဆုံး အရေးပါဆုံးလို့ သတ်မှတ်လို့ရနိုင်တာမျိုးပါ။ဒါကပဲ ဗီယက်နမ်က သန်းကြွယ်သူဌေးကြီးရဲ့ချစ်သဲညှာလေးဖြစ်တဲ့မေတစ်ယောက် ထိုင်းကိုရောက်လာရခြင်းရဲ့ အကြောင်းအရင်းပါပဲ။သူ့ရဲ့အိုင်ဒေါလ်ဖြစ်တဲ့ ပါ့ခ်နဲ့အတူညစာစားရင်း မွေးနေ့ပွဲကိုကျင်းပနိုင်ဖို့ အဖေဖြစ်သူသူဌေးကြီး မွေးနေ့လက်ဆောင်အဖြစ် စီစဉ်ပေးထားတဲ့အတွက်ပါ။အမြဲတမ်း အဖေ့အရိပ်အောက်မှာ အထိန်းတော်ကိုယ်ရံတော်တွေနဲ့နေနေရတဲ့မေတစ်ယောက် ထိုင်းကိုရောက်ချိန်မှာမထင်မှတ်ဘဲဆုံတဲ့ ဆိုင်ကယ်သမားလေးဘွိုင်းရဲ့အကူအညီနဲ့ ကိုယ်ရံတော်တွေလက်က ထွက်ပြေးရင်း သူ့ရဲ့အိုင်ဒေါလ်ပါ့ခ်ဆီမှာ အကောင်းမြင်ခံရဖို့ ကြိုးစားပါတော့တယ်။အဲဒီနောက်မှာတော့…ပိုးလိုဥထားတဲ့မင်းသမီးလေး‌မေနဲ့ ဘဝသမားလေးဘွိုင်းတို့ အလွဲလွဲ အချော်ချော်တွေကြားက ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ စီအမ်နဲ့အတူ ကြည့်ရှုခံစားလိုက်ရ‌အောင်ပါ။