What's Love Got to Do with It? HD

What's Love Got to Do with It?

Comedy Romance HD 2023-01-26 6.5 109 Min

ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကိုတီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့်တယ်ဗျ။ “ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင်အိမ်ကစီစဉ်ပေးလိမ့်မယ်” ဆိုတဲ့သူတွေဆို အပြေးကို ကြည့်သင့်တဲ့ကားမျိုးပါ။ အဲ….အိမ်ကတောင် စီစဉ်ပေးစရာလူမရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေးထားလိုက်ပါတော့။အဖြစ်ကတော့ ဒီလို။ကက်ဇ် က “အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်” ဆိုတဲ့ အသက်၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သားဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ဗြိတိန်သူလေး။ “ယောက်ျားယူတာ ကောင်းတယ်ဆိုတာပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေကအလကားပဲ” ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီးမိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကိုအိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင်ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန်သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ်ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်းတွေကတော့ ရှိစမြဲပေါ့။  ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွားရဖို့တော့ အာမခံပေးနိုင်ပါတယ်။