သူငယ်ချင်းတစ်စုနဲ့ ဒုက္ခရောက်နေတဲ့ ပါမောက္ခတစ်ဦး Pandemic အတွင်း စိန်ခေါ်မှုတွေနဲ့ စာသင်နှစ်ကို ဖြတ်ကျော်ပြီး သူတို့ရဲ့စစ်မှန်တဲ့အသံတွေကို ရှာဖွေဖို့ ကြိုးစားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်လူမျိုးရေးခွဲခြားတာတွေ၊ လူမည်းတွေအတွက် Black Lives Matter ကြိုးပမ်းမှုတွေနဲ့ Apollo 11 အာကာသယာဉ် လပေါ်ဆင်းသက်ခဲ့တာတွေကိုပါ ထည့်သွင်းပြီး အဆိုးဆုံးအချိန်တွေမှာတောင်ကိစ္စတွေပြီးအောင်လုပ်နိုင်တာ ကျော်လွှားနိုင်တာကို မက်ဆေ့ပေးထားပါတယ်။ အချိန်အပိုင်းအခြားတွေကို လပြည့် လဆုတ် Moon Phase တွေနဲ့ ယှဉ်ပြထားပါသေးတယ်။ဇာတ်လမ်းအစမှာ COVIDကြောင့် Lockdown မချခင် အတန်းနောက်ဆုံးရက်မှာ ပါမောက္ခက ကျောင်းသား၂ယောက်ကို Presentation ပေးခိုင်းပါတယ်။ သူတို့၂ယောက်က မပြင်ဆင်ရသေးဘဲ အလွဲတွေဖြစ်တဲ့အတွက်ရုံးခန်းခေါ်ခံရပြီး ပြသာနာတက်ခဲ့ပါတယ်။ ဒီကျောင်းသားတွေရော ဆရာရောက ကိုယ်ချစ်ရတဲ့သူတွေ ကိုယ်စီ ဆုံးရှုံးထားသူတွေပါ။ သူတို့တွေရဲ့ ပူဆွေးမှု ကိုယ့်ကိုကိုယ်အပြစ်တင်မှုတွေကိုပါ ပေါ်လွင်အောင်ထည့်ထားပြီး ဗဟုသုတအစုံ ရသစုံပေးစွမ်းနိုင်တဲ့ ကားတစ်ကားလို့ ဆိုချင်ပါတယ်။